Pages

Monday, July 16, 2018

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစဉ်းအဝေးကျင်းပ


ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့အစည်းအဝေး ကျင်းပစဉ်။
နေပြည်တော် ၁၆-၇-၂ဝ၁၈

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပသည်။

အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ စိုင်းလ၊ ခွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ တာလှဖေ၊ နိုင်အောင်မငေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍအလိုက်မူဝါဒ အဆိုပြုချက်များ ဆွေးနွေးခဲ့မှုအခြေအနေကို ရှင်းလင်းခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထား ထုတ်ပြန်ကြေညာချက်၊ (၁၇)ကြိမ်မြောက် UPDJC Agenda နှင့် Agenda အလိုက် တင်ပြမည့်ပုဂ္ဂိုလ် သတ်မှတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့ အစီအစဉ်များ၊ ညီလာခံ သဘာပတိများ၊ သဘောတူစာချုပ် လက်မှတ် ရေးထိုးမည့်သူများ၊ အသိသက်သေများ အမည်စာရင်း၊ ညီလာခံတွင် ကဏ္ဍအလိုက် မူဝါဒသဘောတူညီချက်များ တင်သွင်းမည့်ပုဂ္ဂိုလ်နှင့် အစုအဖွဲ့အလိုက် ထောက်ခံအဆို တင်သွင်းမည့် ပုဂ္ဂိုလ်များ သတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment