Pages

Friday, July 6, 2018

လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ




နေပြည်တော် ၆-၇-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ကွန်ဟိန်း ပြည်ထောင်စု လမ်းမကြီးပေါ်၌ တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဇူလိုင် ၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် ခိုလမ်မြို့အနီး၌ စစ်ဆေးနေစဉ် နမ့်စန်ဘက်မှ ခိုလမ်ဘက်သို့ အိုက်ဆန်း (ဘ) ဦးလုံးညီယွမ်း မောင်းနှင်လာသည့် ယာဉ်အမှတ်၊ SHN 1G/----PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ HK33 သေနတ်တစ်လက်၊ ၅ ဒသမ ၅၆ကျည် ၂၁တောင့်၊ကျည်အိမ် တစ်ခု၊ ဖုန်းနှစ်လုံး၊ ဘိန်းမည်းသုည ဒသမ ၁ ကျပ်သား၊ ဘိန်းရှူသည့်ပြောင်း နှစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူကို စစ်ဆေးချက်အရ ခိုလမ်မြို့၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာရှိ နမ့်တိန်ချောင်းဘေး တစ်ဝိုက်၌ တရားမဝင်သစ်များ စုပုံထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ်ပိုင်းတွင် သွားရောက်စစ်ဆေးရာ ဦးစံထွန်း (ဘ) ဦးလုံးမော် အပါအဝင်အမျိုးသား သုံးဦးကို သရီးကရောင်း ယာဉ်ငါးစီး၊ ထော်လာဂျီတစ်စီး၊ ပိတောက်သစ်ခွဲသား ဆိုဒ်စုံ တန်၅၅ဝခန့်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူများ၊ ယာဉ်များ၊ လက်နက်ခဲယမ်းများနှင့် တရားမဝင် သစ်များကို ခိုလမ်မြို့နယ်ရဲစခန်းနှင့် သစ်တော ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment