Pages

Friday, July 6, 2018

ကျောက်ဆည်မြို့တွင် ရွှေအတု လာရောက်ပေါင်နှံသူများကို ဖမ်းဆီးရမိ



ကျောက်ဆည် ၆-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ရွှေအတုများ လာရောက်ပေါင်နှံသည့် အမျိုးသမီး နှစ်ဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နေ မသူဇာဝင်းသည် အလေးချိန် တစ်ကျပ်လေးရွေးခွဲရှိ စိတ်ကြိုးတစ်ကုံး၊ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် မြသာကျေးရွာနေ မစန်းစန်းဝင်းသည် အလေးချိန် တစ်ကျပ်နှစ်ပဲ သုံးရွေးခွဲရှိ စိုင်းစိုင်းဆွဲကြိုး တစ်ကုံးတို့ကို ကျောက်ဆည်မြို့ ကံဦးရပ်ကွက် မြို့မဈေးကြီးအနီး အောင်စည်မိုး ရွှေဆိုင်နှင့် ရွှေပန်းထိမ်ဆိုင်နေကိုထွေး(ခ) ကိုခင်မောင်ထွေးထံ လာရောက်ပေါင်နှံကြသည်။

ထိုသို့ပေါင်နှံစဉ် အဆိုပါ ရွှေများကို ရွှေဆိုင်ပိုင်ရှင် ပန်းထိမ်ဆရာ ကိုထွေး (ခ) ကိုခင်မောင်ထွေးက မှတ်ကျောက်တင် စစ်ဆေးခဲ့ရာ ရွှေအတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်း ဖမ်းဆီးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သူဇာဝင်းကို (ပ)၅၇၈/၂ဝ၁၈၊ပုဒ်မ- ၄၂ဝဖြင့်လည်းကောင်း၊စန်းစန်းဝင်းကို (ပ)၅၇၉/၂ဝ၁၈၊ပုဒ်မ- ၄၂ဝ ဖြင့်လည်းကောင်း ကျောက်ဆည်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment