Pages

Friday, July 6, 2018

ဂျပန်တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ



ရန်ကုန် ၆-၇-၂ဝ၁၈

(၆၄)နှစ်မြောက် ဂျပန်တပ်မတော်နေ့ Japan Self-Defense Forces Day အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီက ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Prak Royal Hotel ၌ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့်ဇနီး တက်ရောက်သည်။

အဆိုပါ ဧည့်ခံပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများ၊ ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro Maruyama၊ စစ်သံမှူး Colonel Kei TAJIKA နှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သီချင်းနှင့် ဂျပန်နိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် နှစ်နိုင်ငံအလံကို အလေးပြုကြပြီး ပျော်ရွှင်ခြင်း အထိမ်းအမှတ် ဂျပန်ရိုးရာ Kagamiwani စည်အား ပြိုင်တူထုရိုက် ဖွင့်ဖောက်ကြကာ အခမ်းအနား တက်ရောက်ကြသူများနှင့် အတူစုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် သံအမတ်ကြီးနှင့် စစ်သံမှူးတို့က ဧည့်သည်တော်များအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment