Pages

Monday, July 30, 2018

ချင်းပြည်နယ်ဟားခါးမြို့၌ ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတစ်ခု ခွင့်ပြု



ဟားခါး ၃၀-၇-၂​၀၁၈

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိသည့် ချင်းပြည်နယ်၌ ယခုနှစ်အတွင်း ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု စတင်ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Mercy Par Construction Co., Ltd. မှ ငွေကျပ် ၈၃၃ ဒသမ ၄၂ဝ သန်းဖြင့်ချင်းပြည်နယ် ဟားခါးမြို့ရှိ မြေဧရိယာ ၄ ဒသမ ၆ဝ ဧက၌ အကောင်အထည် ဖော်တည်ဆောက် မည်ဖြစ်ပြီး ယင်းလုပ်ငန်းကို သက်ဆိုင်ရာပြည်နယ် ကော်မတီက ခွင့်ပြုပေးခဲ့ပြီ ဖြစ်သည်။

''ဒါက ဒီဘဏ္ဍာနှစ်မှာစပြီး ပထမဆုံး ဝင်ရောက်တာပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတော့ ဝင်တာမရှိသေးဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ပါမစ်ရပြီးပြီ ဆိုပေမယ့် သူ့အစီအစဉ်နဲ့သူ ဆက်သွားရမှာ တွေရှိပါတယ်။ သက်ဆိုင်ရာက လုပ်ကိုင်ခွင့်တော့ ပေးလိုက်ပြီ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု မှာပါဝင်တဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေက လုပ်ရမယ့်ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်ရဦးမယ်။ ပြီးမှ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မှာပါ'' ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

ချင်းပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက ခရီးသွားကဏ္ဍ မြှင့်တင်ခြင်းနှင့် ပတ်သက်သည့် ဟိုတယ်လုပ်ငန်းများ၊ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းများသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment