Pages

Monday, July 23, 2018

ဂတ်မီးဖို မတော်တဆ ပေါက်ကွဲမှုဖြစ်ပွား



ကျောက်ဆည် ၂၃-၇-၂ဝ၁၈

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီ မိနစ် ၃ဝခန့်က မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေး တက္ကသိုလ်မှ ဆရာများ၊ ခရိုင်၊မြို့နယ်တိုင်းရင်းဆေး ဝန်ထမ်းများသည် တိုင်းရင်းဆေး ပညာဖြင့်ပြည်သူများကို အခမဲ့ဆေးကုသမှုများ ပြုလုပ်နေစဉ် ဆေးပေါင်းအိုး တည်ထားသည့် ဂတ်စ်မီးဖိုမတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးပေါင်းဂတ်စ်မီးဖို မတော်တဆ ပေါက်ကွဲမှုကြောင့် ဦးဝင်းဇော်၊ လက်ထောက်ကထိက၊ တိုင်းရင်းဆေး ပညာတက္ကသိုလ်၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေး ဦးစီးမှူး ဦးဇော်လင်းထင်၊ မြို့နယ် တိုင်းရင်းဆေးဦးစီးမှူး ဒေါ်လင်းလင်းကြူနှင့် စတုတ္ထနှစ်တိုင်းရင်ဆေး တက္ကသိုလ်ကျောင်းသူ မပန်းအိစံတို့ လေးဦးမှာ ဂတ်စ်မီးအပူဟပ်မိပြီး မစိုးရိမ်ရဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းနှင့် အခြားဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment