Pages

Monday, July 23, 2018

မိုင်းငေါ့မြို့တွင် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကျောက်မဲ ၂၃-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အမှတ် (၂) ရပ်ကွက်ရှိ စိုင်းငွေစန်း၏ နေအိမ်အတွင်းမှ သုံးစွဲရောင်းချရန် လက်ဝယ်ထားရှိသော ဘိန်းဖြူဟု ယူဆရသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းငေါ့နယ် မြေရဲစခန်းမှ သိရသည်။

မိုင်းငေါ့ နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၁ရက် ည ၆နာရီကျော်က မူးယစ်သတင်းအရ မိုင်းငေါ့မြို့ အမှတ်(၂)ရပ်ကွက် မန်လုံရပ်နေ စိုင်းငွေစန်း၏နေအိမ်ကို ရှာဖွေဝရမ်းအမှတ် (၅/၂ဝ၁၈)အရ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဆပ်ပြာခွက် သုံးခွက်နှင့် အချိုရည်တစ်ဘူးအတွင်း ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့် စုစုပေါင်း အလေးချိန် ၃၂ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ကြိုတင်တားဆီး နှိမ်နင်းရေး ဆောင်ရွက်နေစဉ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချ နေကြောင်းသတင်းအရ ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မိုင်းငေါ့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းနံရံ၌ ချိတ်ဆွဲထားသော ကြွပ်ကြွပ်အိတ်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် ၆ဝ၈ဝဝဝခန့်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများကို သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ စိုင်းငွေစန်း မိုင်းငေါ့မြို့ အမှတ်(၂)ရပ်ကွက် မန်လုံရပ်နေသူကို ကျောက်မဲမြို့နယ် မိုင်းငေါ့နယ်မြေရဲစခန်းက (ပ)၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydailyေ

No comments:

Post a Comment