Pages

Thursday, June 28, 2018

တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ



ကျောက်မဲ ၂၈-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်ဖြင့် မန္တလေးဘက်မှ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဘက်သက်သေများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအဖွဲ့သည် ရှာဖွေရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ကို စစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တိပ်အဝါများဖြင့်ပတ်၍ သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်း အတုံး ၆ဝဝ၊ အလေးချိန် ၃ဝဝ ကီလိုဂရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခု၊ အလေးချိန် ၂၂ဝ ကီလိုဂ ရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခုနှင့် ၁၁ဝ ကီလိုဂရမ်ခန့်ရှိ ကျောက်တုံးတစ်တုံး စုစုပေါင်းကျောက်စိမ်းတုံး ၆ဝ၃တုံးနှင့်အတူ ယာဉ်ပေါ်ပါ ခင်မောင်သန်းထံမှ ကျောက်စိမ်းတုံးများ သယ်မှုနှင့်ပတ်သက်သော စာရွက်စာတမ်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ၊ယာဉ်ပေါ်ပါ ခင်မောင်သန်းတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၂၈၅/၂ဝ၁၈၊ ကျောက်မျက်ဥပဒေပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment