Pages

Thursday, June 28, 2018

ရပ်ထားသောယာဉ်ပေါ်မှ ပိတောက်ဓားရွေတုံးများ ဖမ်းဆီးရမိ



ပုလဲ ၂၈-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာတွင် နေအိမ်အတွင်း ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်း အဖွဲ့မှ တောအုပ် ဇော်မြင့်နှင့် ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ တပ်ကြပ်ကြီး အောင်ထန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ရဲတပ်ဖွဲ့စခန်းမှရဲအုပ် ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ကျေးရွာ ရာအိမ်မှူး ဦးကျော်လင်းတို့ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယနေ့ နံနက် ၁၁နာရီ မိနစ် ၃ဝက ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအုပ်စု ချင်ပြစ်ကျေးရွာနေ အောင်မိုးသူ (ဘ) ဦးကျော်ဝင်း၏ နေအိမ်ဝင်းအတွင်း ရပ်တန့်ထားသည့် 4I------ A-6ခြောက်ဘီးအဖြူရောင် မော်တော်ယာဉ်ကို သတင်းအရ ဝင်ရောက်ရှာဖွေ ခဲ့သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် တရားမဝင် ပိတောက်ဓားရွေတုံး အရွယ်စုံ ၁၇ တုံး အလေးချိန် ၁ဒသမ၈၁၂၂တန်၊ ကားခေါင်းခန်းထဲ၌ 3I---- နံပါတ်ပြားနှင့် ပိုင်ရှင် အောင်မိုးသူကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ပိတောက်ဓားရွေတုံး အရွယ်စုံ ၁၇တုံး ၁ဒသမ၈၁၂၂ တန်နှင့် 4I------ A-6 ခြောက်ဘီး အဖြူရောင် မော်တော်ယာဉ်ကို ပုလဲမြို့နယ် သစ်တောဦးစီးဌာနသို့ သယ်ဆောင်ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောအုပ် ဇော်မြင့်က အောင်မိုးသူ (ဘ) ဦးကျော်ဝင်းကို အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းသဖြင့် ချင်ပြစ်ရဲတပ်ဖွဲ့စခန်းက (ပ)၇/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment