Pages

Monday, June 4, 2018

မန္တလေးတိုင်းဒေသကြီးရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေး အဓိကထား ဆောင်ရွက် သွားမည်ဟုဆို



မန္တလေး ၄-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေး အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်သည့် လုပ်ငန်းရှင်များအား မိမိတို့လုပ်ငန်းထုတ်လုပ် ရောင်းချနိုင်ရန်အတွက် မှတ်ပုံတင်ရရှိရေးကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

"ဌာနကတော့ နှစ်စဉ်ဘတ်ဂျက် အလိုက်သင်တန်း တွေဖွင့်လှစ်ပြီးတော့ လူသုံးကုန်၊ စားသောက်ကုန်စတဲ့ သင်တန်းတွေ၊ အသေးစား စက်မှုလက်မှု သင်တန်းတွေ၊ ဒါတွေကို သင်ကြားပို့ချပေးပါတယ်။ သင်တန်းတက်ရောက် ပြီးတော့သင်တန်း ဆင်းလက်မှတ်ရရှိတဲ့ သူတွေကို သူတို့ရဲ့လုပ်ငန်းတွေ၊ ထုတ်ကုန်တွေ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ လုပ်ဆောင်နိုင်ဖို့အတွက် မှတ်ပုံတင်ရရှိအောင် ဆောင်ရွက် ပေးတာဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ အသေးစားစက်မှု လုပ်ငန်းများတွင် မှတ်ပုံတင် အမျိုးအစား ၁၃ မျိုးရှိပြီး ယခုလက်ရှိ အချိန်တွင် တိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ပေါင်း ၂ဝဝဝ ကျော်ရှိကြောင်း သိရသည်။

"အခုခြောက်လတာ ကာလဘတ်ဂျက် အတွင်းမှာလဲ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တွေ မှတ်ပုံတင် ရရှိစေဖို့အတွက် ကွင်းဆင်းဆောင်ရွက် ပေးနေပါတယ်။ ဒီလိုမျိုးမှတ်ပုံတင် တွေရရှိမှ သူတို့ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ၊အစားအသောက်တွေ ဈေးကွက်အတွင်းမှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment