Pages

Monday, June 4, 2018

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား၌ ဆိုဒီယမ်ဆိုင်ရာနိုက်များ တရားမဝင် သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၄-၆-၂ဝ၁၈

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတား (မြန်မာဘက်ခြမ်း)၌ ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ်များကို စစ်ဆေးစဉ် ဇွန် ၂ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံမှ တာချီလိတ်သို့ ထိုင်းနိုင်ငံသား Mr.Sawat Kaeodam မောင်းနှင်လာသည့် MESA FL အမျိုးအစား ၁ဝဘီးယာဉ်ကို စစ်ဆေးရာ တရားမဝင် သယ်ဆောင်လာသည့် အလေးချိန် ကီလိုဂရမ် ၅ဝ ခန့်စီပါ ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide) များထည့်ထားသော သံပုံး ၃ဝဝနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် သတင်းဆက်သွယ်မှု အရ ပူးပေါင်းအဖွဲ့က စစ်ဆေးစဉ် မသင်္ကာဖွယ် အနက်ရောင်သံပုံးများ ကိုတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ပတ်ဝန်းကျင်ကို အဆိပ်သင့် စေတတ်သဖြင့် သက်ဆိုင်ရာဌာနများ၏ စိစစ်ခွင့်ပြုချက် ဖြင့်သာ အသုံးပြုခွင့်ရှိသည့် ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide) စုစုပေါင်းအလေးချိန် ကီလိုဂရမ် ၁၅ဝဝဝခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝဝခန့်)ကိုလည်းကောင်း၊ မော်တော်ယာဉ် ရှေ့ခန်းမှ Mr. Sawat Kaeodam အမည်ပါ ယာဉ်မောင်း လိုင်စင်တစ်ခု၊ ထိုင်းဘဏ်စာအုပ်၊ နိုင်ငံကူး လက်မှတ်တစ်အုပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ ဆိုဒီယက်ဆိုင်ရာ နိုက်များ၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူကို တာချီလိတ် မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။



#Themyawadydaily

No comments:

Post a Comment