Pages

Monday, June 4, 2018

မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲ လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာ ကွက်သစ်ရပ်ကို ရှာဖွေရှင်းလင်း၊ မူးယစ်ဆေးဝါး ရောင်းချနေသူနှစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၄-၆-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကုန်း ကျေးရွာအုပ်စု အတွင်းရှိ ဇီးအုပ်ကျေးရွာ၊ ကွက်သစ်ရပ်၌ မူးယစ်ဆေးဝါးများ ရောင်းဝယ်လျက်ရှိကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့က ဇွန် ၂ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်ရှာ ဖွေစစ်ဆေးရာ မူးယစ်ဆေးဝါး များရောင်းချ နေသူနှစ်ဦးကို မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းအဖွဲ့သည် အဆိုပါ ကွက်သစ်ရပ်ရှိ လူမနေသည့် နေအိမ်၂၄ လုံးကိုဝင်ရောက် ရှာဖွေရာ နေအိမ်တစ်လုံးအတွင်းမှ မူးယစ်ဆေးဝါးများ ရောင်းချနေသော နွယ်လင်းအောင်(ဘ) ဦးအုန်းမောင်နှင့် ခင်မာကြည်(ဘ) ဦးခင်မောင်တို့ကို ဘိန်းဖြူမှုန့် ၁ဒသမ၅ ဂရမ်ခန့်ပါ ပင်နီဆီလင်ပုလင်း ငါးလုံးနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ကျန်နေအိမ် ၂၃ လုံးအတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆေးထိုးအပ်၊ ခဲပြား၊ ရေသန့်ဘူးခွံများနှင့် ပလတ်စတစ် ရေပိုက်ငယ်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သည့် နေအိမ်များကို မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖျက်ဆီးရှင်းလင်း ခဲ့ပြီး မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိ သူနှစ်ဦးကို အုန်းချော နယ်မြေရဲစခန်း၌ တရားဥပဒေ အရအမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment