Pages

Monday, May 28, 2018

တောင်ကြီးမြို့နယ် ရွှေညောင်မြို့၌ ကြက်စာပြောင်း အိတ်များ စုပုံထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား



တောင်ကြီး ၂၈-၅-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်မြို့ တောင်နီကျေးရွာ၌ မေ ၂၆ ရက်နံနက် ၄ နာရီ ၄၅ မိနစ်က ကြက်စာ ပြောင်းအိတ်များ စုပုံထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီကျေးရွာ နယ်မြေ(၄) နေကိုဖိုးကြွယ် (ဘ) ဦးသိန်းလှိုင် ပိုင်ဆိုင်သည့် ကြက်ခြံအတွင်း ကြက်စာများ သိုလှောင်ထားသည့်ဂိုဒေါင်၌ ပြောင်းအိတ်များစုပုံ ထပ်ထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ရာနေရာသို့ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မီးသတ်စခန်းမှ ဒုတိယစခန်းမှူး ဦးမြင့်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းမီး ငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဂိုဒေါင်၌ ပြောင်းဆန် ၂၅ အိတ်၊ တန်ဖိုးငွေကျပ် ၂ဝဝဝဝဝခန့်၊ အဆောက်အအုံ ပျက်စီးမှု တန်ဖိုးငွေကျပ် ၂၅ဝဝဝဝခန့်၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၅ဝဝဝဝခန့် ဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖိုးကြွယ်ကို တောင်ကြီးမြို့နယ် ရွှေညောင်နယ်မြေ ရဲစခန်းက (ပ)၅၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment