Pages

Monday, May 28, 2018

မကွေးတိုင်းဒေသကြီး အတွင်းသို့ လည်ပတ်သည့် နိုင်ငံခြားသားများ ညအိပ်တည်းခိုမှု နည်းပါး



မကွေး ၂၈-၅-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်းသို့ ကုန်းကြောင်းနှင့် ရေကြောင်း ခရီးစဉ်များမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဦးရေ နှစ်သောင်းခန့်နှစ်စဉ် ဝင်ရောက် နေသော်လည်း ဒေသတွင်း၌ ညအိပ်တည်းခိုမှုမှာ ဝင်ရောက်လာသည့် အခြေအနေနှင့် နှိုင်းစာလျှင် နည်းပါးနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မကွေးတိုင်း ဒေသကြီးတွင် ဟိုတယ်၊ မိုတယ် ၃၈ လုံးရှိပြီး Tourism ဦးရေနှစ်သောင်းခန့် နှစ်စဉ်ဝင်ရောက် နေသော်လည်း တည်းခိုသူမှာ ဦးရေ ၃ဝဝဝ ခန့်သာ ရှိကြောင်း၊ လုပ်ငန်းရှင်များက ပြည်တွင်း Domastic ကိုသာ အားထားနေရပြီး ဇုန်ဝင်ကြေး ကောက်ခံမှုအရ ဗိဿနိုး၊ စလေရုပ်စုံ ကျောင်းတို့တွင် လည်ပတ်ကာ Day Return ဖြင့် ပြန်သွားသူနှစ်စဉ် ဦးရေတစ်သောင်းကျော် ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

"နိုင်ငံခြားသား ခရီးသွားတွေ တိုင်းဒေသကြီး အတွင်းမှာ ကြာကြာနေပြီး တည်းခိုလို့ရအောင်က တစ်ညအိပ်နှစ်ရက် ခရီးစဉ်ဆွဲနိုင်မှ ဒီမှာအိပ်ကြမှာ။ မကွေးတိုင်းဒေသ ကြီးမှာက အဲဒီလောက်နေနိုင်တဲ့ ခရီးစဉ်မဆွဲကြဘူး။ မဆွဲကြဘူးဆိုတာက မကွေးမြသလွန်၊ မင်းဘူးစက္ကိန်းတဲ၊ ဗိဿနိုး၊ စလေရုပ်စုံ ဒီလိုမျိုး တစ်ရက်တည်းနဲ့ သွားလို့ ရပြီးတော့ ပုဂံသွားအိပ်ကြတယ်။ ပြည် သွားအိပ်တယ်။ မကွေးမှာ ကြာကြာတည်းဖို့က ဒီထက်ထူးခြား ဆန်းသစ်တဲ့ Distination အသစ်တွေ ရှိဖို့လိုတယ်"ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတိုင်း ဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ပြောပြသည်။

၂ဝ၁၇ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ဦးရေ ၂ဝ၁၅ဝ ဝင်ရောက်ခဲ့ပြီး ဟိုတယ်၊မိုတယ်များတွင် တည်းခိုသူ ၂၂၈၁ဦး၊ စလေရုပ်စုံကျောင်းသို့ ၁၂၆ဝ၇ဦး၊ ဗိဿနိုးဒေသသို့ ၂ဝ၇ ဦး၊ လူထုအခြေပြု ခရီးသွားဒေသမြိုင် CBT (Community Base Tourism) သို့ဦးရေ၇၆ဝ၊ မကျီးကန် CBT သို့ ၇၂ဦး၊ ရေကြောင်း သင်္ဘောများဖြင့် ၄၂၂၃ ဦးဝင်ရောက် ခဲ့ကြောင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment