Pages

Monday, May 28, 2018

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံ သြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ



နေပြည်တော် ၂၈-၅-၂ဝ၁၈

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံ သြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း၊ ကျောက်တော်ကြီးဘုရား အနီးရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ဥက္ကဋ္ဌ၊ အင်းစိန်ရွာမ ပရိယတ္တိပဓာန မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလော ဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သီလရှင်များ၊ ဒါယကာ၊ ဒါယိကာမများနှင့် ဖောင်ဒေးရှင်းမှ အသင်းအဖွဲ့ဝင်များ တက်ရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ တက်ရောက် လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့က နိုင်ငံတော်သြဝါဒါ စရိယ၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ ၊ အင်းစိန်ရွာမ ပရိယတ္တိပဓာန မဟာနာယက ဆရာတော်နှင့် သံဃာတော်များထံမှ လမ်းညွှန် သြဝါဒကထာများ မှတ်သားနာယူ ကြည်ညိုကြပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားများ ငြိမ်းချမ်းသာယာရှိစေရန် မဟာသမယ သုတ်တော်ကြီးကို ရွတ်ပွားပူဇော်ကြသည်။

ထို့နောက် တက်ရောက်လာကြ သူများက အင်းစိန်ရွာမ ဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနာ တော်နှစ်၂၅၆၂ခုနှစ်၊ အထိမ်းအမှတ် အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်၂၅၆၂ပါးတို့အား ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို အဆိုပါသီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး၏ ရင်ပြင်မုခ်ဦးတစ်လျှောက်၌ ကျင်းပရာ ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာဝင်များက ဒွါဒဿဝတ္တု အစုစုတို့ဖြင့် လောင်းလှူပူဇော် ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment