Pages

Monday, May 28, 2018

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြို့ရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ အပျော်စီးသင်္ဘောများဖြင့် လာရောက်လှည့်လည်လေ့လာ



မကွေး ၂၈-၅-၂ဝ၁၈

ကမ္ဘာလှည့် ခရီးသွားများ လိုက်ပါလာသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အပျော်စီးသင်္ဘော နှစ်စင်းသည် မေ၂၆ရက် နံနက်ပိုင်းက မကွေးဆိပ်ကမ်းသို့ ရောက်ရှိလာကာ ညအိပ်ရပ်နားပြီး မေ ၂၇ ရက် နံနက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားကြောင်း ပန်တော်အပျော်စီးသင်္ဘောမှ ကိုဝေလင်းအောင်ထံမှ သိရသည်။

အဆိုပါ သင်္ဘောနှစ်စင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များကို ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မြို့ ရွာများနှင့် ဘုရားစေတီများကို လေ့လာရင်း အပန်းဖြေ ခရီးစဉ်ဖြစ်ကာ သင်္ဘောတစ်စင်းလျှင် ကမ္ဘာလှည့်ခရီးသွား ၃၅ ဦးခန့် လိုက်ပါလာကြောင်း သိရသည်။

ယခုခရီးစဉ်တွင် သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွား များဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားဧည့်သည် များအတွက် အပျော်စီး သင်္ဘောကုမ္ပဏီ များဖြစ်ကြသည့် ပေါက္ကံကုမ္ပဏီ၊ ပန်တော်ကုမ္ပဏီ၊ အမရကုမ္ပဏီ၊ အနော်ရထာကုမ္ပဏီ၊ သရေခေတ္တရာ ကုမ္ပဏီတို့ရှိကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ယခုသင်္ဘော ခရီးစဉ်တွင် လိုက်ပါလာသော ကမ္ဘာလှည့်ခရီးသည် များကို ခရီးစဉ်တစ်လျှောက် မိမိနိုင်ငံအလိုက် အစားအစာများ၊ ဥရောပ အစားအစာများကို သင်္ဘောပေါ်ရှိ စားဖိုမှူးကြီးများက တာဝန်ယူချက်ပြုတ် ကျွေးမွေးကြပြီး ခရီးစဉ်တစ်လျှောက် သင်္ဘောဝန်ထမ်းများက ခရီးသည်များကို လိုအပ်မှုမရှိအောင် ဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက် ပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment