Pages

Friday, April 27, 2018

မြဝတီဘဏ် လီမိတက်၏ (၅) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲ ဖွင့်လှစ်



တောင်တွင်းကြီး ၂၇-၄-၂ဝ၁၈

မြဝတီဘဏ် လီမိတက်၏ (၅၈) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၂) ရပ်ကွက် မကွေးလမ်းရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး သံဃာတော်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများက ဘဏ်ခွဲကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲကို တောင်တွင်းကြီးမြို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး စာရင်းရှင် အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်း အပ်ငွေများ လက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံအဖြစ်ရယူ၍ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်းနှုန်းဖြင့် ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပေးပို့ နိုင်ခြင်းများ အပါအဝင် Modern Banking အနေဖြင့်လည်း Modern Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

#Themyawadydaily

No comments:

Post a Comment