Pages

Monday, March 5, 2018

မြိတ်မြို့၌ ရန်ကုန်မြို့ရှိ အိမ်ရာများမှတိုက်ခန်းများ ရောင်းချသော အရောင်းပြပွဲကျင်းပ



ရန်ကုန် ၅-၃-၂ဝ၁၈

Shwe Property အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှု လုပ်ငန်းက ကြီးမှူး၍ တနင်္သာရီတိုင်း ဒေသကြီးရှိ ပြည်သူများ ရန်ကုန်မြို့ရှိ အိမ်ရာတိုက်ခန်းများကို ဝယ်ယူနိုင်ရန် ရည်ရွယ်၍ အရောင်းပြပွဲကို မတ် ၃ ရက်နှင့် ၄ ရက်တို့တွင် မြိတ်မြို့ မြစည်းစိမ် ဟိုတယ်၌ကျင်းပရာ လာရောက်သူ များပြားကြောင်း အဆိုပါ အကျိုးဆောင်လုပ်ငန်းမှ PR မန်နေဂျာ မဝတ်ရည်ထွန်းထံက သိရသည်။

အဆိုပါပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှည ၆ နာရီအထိ ကျင်းပကာ တန်ဖိုးသင့် တိုက်ခန်းများကို အဓိကအနေဖြင့် ဝယ်ယူကြပြီး ရန်ကုန်မြို့ရှိ အဓိကမြို့နယ်များဖြစ်သော ကျောက်တံတား၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊လှိုင်၊ မရမ်းကုန်းနှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ရှိ အိမ်ရာတိုက်ခန်းများကို ဝယ်ယူကြကြောင်း သိရသည်။

''ဒီပွဲကို ပြည်သူအများအပြား လာရောက်ခဲ့တာကြောင့် ပွဲလုပ်ရကျိုး နပ်ပါတယ်။ နောက်ပိုင်း မြိတ်မြို့မှာ ပွဲတွေထပ်မံကျင်းပ ရင်လည်း အခုထက်ပိုမို ဆန်းသစ်တဲ့ပုံစံနဲ့ ကျင်းပသွားပါမယ်'' ဟု မဝတ်ရည်ထွန်းက ပြောသည်။

ယင်းပြပွဲတွင် ဝယ်ယူသူများအား ပြန်လည်ကျေးဇူး တုံ့ပြန်သောအနေဖြင့် ပွဲရက်အတွင်း ဝယ်ယူသူများကို ukd i Phone X၊ ခေတ်မီပရိဘောဂ ပစ္စည်းများ လက်ဆောင်ပေးခြင်းနှင့် အခန်းတွင်း ပြင်ဆင်ပေးသော ဝန်ဆောင်မှုများကို အခမဲ့လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment