Pages

Tuesday, February 6, 2018

ပြည်တွင်း လုပ်ငန်းများ၌ ဘွိုင်လာအသစ် သုံးစွဲမှုနည်းပါး၍ ဘွိုင်လာအဟောင်းများကို အန္တရာယ်ကြားမှ အသုံးပြုနေ



ရန်ကုန် ၆-၂-၂ဝ၁၈

ပြည်တွင်းလုပ်ငန်းများတွင် ဘွိုင်လာအသစ်များ အသုံးပြုမှု အလွန်နည်းပါးလျက်ရှိပြီး အန္တရာယ်ကြားမှ ဘွိုင်လာအဟောင်းများကိုသာ အသုံးပြုနေကြကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းထံမှ သိရသည်။

ပြည်တွင်းသို့ အသစ်ဝင်ရောက်လာသည့် ဘွိုင်လာများရှိသော်လည်း ၅ ရာခိုင်နှုန်းခန့် သာရှိပြီး အလွန်နည်းပါးသောကြောင့် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေများအရ အသစ်လဲလှယ်ရန် အားနည်းကာ ဘွိုင်လာအဟောင်းများ ဖြင့်သာ ဘေးကင်းစွာ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြသည်။

''ဒီလိုအသုံးပြု နေကြတာက သိပ်ကိုအန္တရာယ်ကြီးပါတယ်။ ဒါပေမဲ့ သူတို့ရင်းနှီး မြှုပ်နှံဖို့ မတတ်နိုင်တဲ့အတွက် တတ်နိုင်သလောက် ပြင်ပေးတယ်။ တချို့ပြင်လို့မရတာ တွေရှိတယ်။ ဘယ်လိုမှ ပြင်မရဘူးဆိုရင် ဒီဘွိုင်လာတွေကို သုံးလို့မရတော့ ပါဘူးဆိုပြီး အကြောင်းကြားတယ်။ ဘာလို့လဲဆိုတော့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်အောင်ပါ။ နောက်တစ်ခုက ဘွိုင်လာသံပြားတွေ ပါးနေတာတို့၊ နော်ဇယ်တွေ ပေါက်နေတာတို့ ဒါတွေဖြစ်နေတာ မသိရင် ဘွိုင်လာပေါက်ကွဲတဲ့အခါ အသက်ဆုံးရှုံး နိုင်ပါတယ်။ အများကြီး ထိခိုက်ဆုံးရှုံးနိုင်ပါတယ်'' ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

ပြည်တွင်းရှိ ဘွိုင်လာစစ်ဆေးမှုကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ၁၉၇ဝ ပြည့်နှစ်ခန့်က တည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ဥပဒေသစ်များနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ထားသည့် ဘွိုင်လာပေါင်း ၃ဝဝဝ ကျော်အနက် နှစ်၁ဝဝ ကျော်သက်တမ်းရှိနေသည့် ဘွိုင်လာများလည်းရှိသကဲ့သို့ အများစုမှာ နှစ်ပေါင်း ၇ဝ၊ ၇၅ နှစ်ဝန်းကျင်ရှိသည့် ဘွိုင်လာများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။ 

#Themyawadydaily

No comments:

Post a Comment