Pages

Tuesday, February 6, 2018

မဘိမ်းမြို့နယ်နှင့် သိန်းနီမြို့နယ်အတွင်း တရားမဝင်သစ်များ၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ မော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်။

နေပြည်တော် ၆-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းတွင် ခိုတာကျေးရွာ၏အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာ၌ တရားမဝင်သစ် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ၂၂ ကောင် အင်ဂျင်တစ်လုံး၊ သစ်စက် တစ်လုံး၊ တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ် တစ်စီးနှင့် ပိတောက်ဓား ရွေတုံးဆိုဒ်စုံ အတုံး ၂ဝ (ခန့်မှန်း ခုနစ်တန်) ကိုလည်းကောင်း၊ ညနေပိုင်းတွင် လဝါကျေးရွာ၏ အရှေ့ဘက် ကိုးမိုင်ခန့်အကွာ၌ တရားမဝင်စုပုံထားသော ကျွန်းသစ်လုံး ၂၄တုံး (ခန့်မှန်း ၁ဝတန်)ကို လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် လည်းသိန်းနီမြို့နယ်၊ စံလောင်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာ၌ ရပ်တန့်ထားသော NISSAN အမျိုးအစား ခြောက်ဘီးယာဉ်အမှတ်၊ SHN 4M/----- နှင့် တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂၈၃ချောင်း (ခန့်မှန်း ၂ ဒသမ ၅တန်)ကို ပိုင်ရှင်မဲ့ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသည့် သစ်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနနှင့် လားရှိုးမြို့နယ် သစ်တောဦးစီးဌာနတို့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment