Pages

Tuesday, February 6, 2018

ရန်ကုန်မြို့ရှိ မော်တော်ယာဉ် အရောင်းစင်တာများ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု ပိုမိုပြုလုပ်လာ



ရန်ကုန် ၆-၂-၂ဝ၁၈

၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင်သွင်းမှု ပြုလုပ်နိုင်ရန် စီစဉ်ထားခြင်းကြောင့် ရန်ကုန်မြို့ရှိ မော်တော်ယာဉ် အရောင်းစင်တာများမှာ ယခင်အချိန်ကာလ များထက် ပြည်ပမှပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းမှု ပိုမိုပြုလုပ်လာကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်အရောင်း စင်တာပိုင်ရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရန်ကုန်လိုင်စင် ပြန်လည်ချထားပေးရန် အစီအစဉ် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုဝယ်ယူမည့် အနေအထားရှိသဖြင့် မော်တော်ယာဉ် အရောင်းစင်တာများက ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ပိုမိုတင်သွင်း လာကြခြင်းဖြစ်သည်။ အဆိုပါ အရောင်းစင်တာများမှာ ယခင်ကမှာယူ တင်သွင်းသည်ထက် ထက်ဝက်ခန့် ပိုတိုး၍ တင်သွင်းလာကြကြောင်း သိရသည်။

''ပြည်သူတချို့က ရန်ကုန် လိုင်စင်မရသေးလို့ ကားမဝယ်သေးဘဲ စောင့်ကြည့် နေကြတာတွေ ရှိပါတယ်။ ရန်ကုန်လိုင်စင် ချပေးပြီဆိုတာနဲ့ ကားတွေ အဝယ်လိုက်လာမှာပါ။ အဲဒီအချိန်ကျရင် အရောင်းစင်တာတွေမှာ ရောင်းအား ကောင်းလာနိုင်တာကြောင့် အရင်ကထက် ကားတင်သွင်းမှုတွေ ပိုပြီးပြုလုပ် တာဖြစ်ပါတယ်''ဟု တာမွေမြို့နယ်ရှိ ထွန်းမော်တော် ယာဉ်အရောင်း စင်တာပိုင်ရှင် ကိုထွန်းထွန်းက ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံများမှ မော်တော်ယာဉ် ထုတ်လုပ်သော ကုမ္ပဏီတချို့ကလည်း ရန်ကုန်မြို့၌ အရောင်းပြခန်းများ လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment