Pages

Friday, February 23, 2018

စစ်ကိုင်းမြို့နယ် ရထားလမ်းမိုင်တိုင် အမှတ် (၃၉၉/၂၃) နှင့် (၃၉၉/၂၄)ကြားတွင် ရထားခုတ်မောင်းနေစဉ် ယာဉ်မဆင်မခြင်မောင်းနှင်၍ လမ်းဖြတ်ကူးမှုကြောင့် နှစ်ဦးဒဏ်ရာရ



စစ်ကိုင်း ၂၃-၂-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မြင်းမွှေးကျေးရွာ ရထားမိုင်တိုင်အမှတ် (၃၉၉/၂၃) နှင့် (၃၉၉/၂၄)ကြားတွင် ရထားခုတ်မောင်းနေစဉ် ယာဉ်ကိုမဆင် မခြင်မောင်းနှင်၍ လမ်းဖြတ်ကူးမှုကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေရဲစခန်း (ရွာသစ်ကြီး)မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မြင်းမွှေးကျေးရွာ ရထားမိုင်တိုင်အမှတ် (၃၉၉/၂၃) နှင့် (၃၉၉/၂၄) ကြားတွင် ဖေဖော်ဝါရီ၂၁ရက် ညနေ၄နာရီ ၁ဝမိနစ်က မန္တလေးဘက်မှ မြင်းမွှေးရွာသို့ ယာဉ်မောင်း
အာကာမင်းပိုင် (ဘ) ဦးအောင်ကြည်သိန်း ရေနီမြို့နေသူ မောင်းနှင်လာသော လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ်6H/-----က သံလမ်းဖြတ်ကူးစဉ် မုံရွာဘက်မှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးအောင်နိုင် ခုတ်မောင်း လာသည့် RBE လူစီးရထား၊ စက်ခေါင်းအမှတ် ၃ဝ၄၁ ကို ဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိသောကြောင့် ယာဉ်မောင်း အာကာမင်းပိုင်တွင် ဦးခေါင်းနောက်ပေါက်ြပဲ၊ ယာမျက်လုံးပေါက်ပြဲ ဒဏ်ရာများနှင့် ယာဉ်နောက်ခန်း တွင်ပါလာသည့် ဖြိုးဝေကျော်(ဘ) ဦးကျော်ကြား ရေနီမြို့နေသူတွင် ယာနားထင် ဖူးရောင်နာကျင်၊ ဝမ်းဗိုက်နာကျင်၊ ယာခြေထောက်နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများကို စစ်ကိုင်းပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အာကာမင်းပိုင်ကို ရွာသစ်ကြီးနယ်မြေရဲစခန်းက (ပ)၁၆/၂ဝ၁၈၊ မီးရထားဥပဒေပုဒ်မ-၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment