Pages

Friday, February 23, 2018

ဖားကန့်မြို့နယ်တွင် ဆီပီပါ ၅ လုံး တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား



ဖားကန့် ၂၃-၂-၂ဝ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆီပီပါ ၈၅ လုံးတင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာ လွှစင်တောင်ကုန်းဆင်း လုံးခင်း-ကာမိုင်းသွားလမ်းတွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက ယာဉ်မောင်း ကျော်စိုးလင်း (ခ) မျိုးမင်းနောင် မောင်းနှင်လာသည့် FUSO အမျိုးအစား ယာဉ်အမှတ် 5B/----- ဖြူ၊ပြာရောင် ၁၂ ဘီးယာဉ်သည် ဒီဇယ်ပီပါ ၈၅ လုံးကို တင်ဆောင်ကာ ဖားကန့်မြို့ ဆိတ်မူကျေးရွာ အုပ်စုယူမာကျေးရွာရှိ အောင်မြသန်း ကုမ္ပဏီသို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် လွှစင်တောင်ကုန်းဆင်းအရောက် ဘရိတ်ပေါက်၍ လမ်း၏ဝဲဘက်သို့ လဲကျတိမ်းမှောက် သွားခဲ့သည်။ ထိုသို့ တိမ်းမှောက်မှုကြောင့် လူသေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်စိုးလင်း (ခ) မျိုးမင်းနောင် ပခုက္ကူမြို့နေသူကို လုံးခင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၉/ ၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment