Pages

Tuesday, February 6, 2018

မြန်မာ-အိန္ဒိယ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်း UN Peacekeeping Operation Training Course ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မ်မာ-အိန္ဒိယ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Operation Training Course ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၆-၂-၂ဝ၁၈

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်း သိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Operation Training Course ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ကျင်းပ ပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vikram Misri နှင့် စစ်သံမှူး Col. Naveen Mahajan ၊ အိန္ဒိယတပ်မတော် Centre for United Nations Peacekeeping(CUNPK)မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိများနှင့် စစ်သည်များ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အဖွင့်အမှာစကား ပြောကြားရာတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများတွင် မြန်မာ့တပ်မတော်မှ ဦးစီးအရာရှိများ စေလွှတ် တာဝန်ထမ်းဆောင် လျက်ရှိပြီး မိမိနိုင်ငံ၌လည်း မိတ်ဆွေနိုင်ငံများမှ Mobile Training Team များ ဖိတ်ခေါ်၍ သင်တန်းပို့ချ ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ယခုသင်တန်း၌ ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ စစ်ဆင်ရေးတွင် တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ကြံရမည့် Rules and Regulations သင်ခန်းစာများကို ထည့်သွင်း သင်ကြားပေးသွားရန် လိုအပ်သည့် အခြေအနေများနှင့် မြန်မာ့တပ်မတော်အနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဓိကအခန်းကဏ္ဍများမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှာစကားပြောကြားပြီး အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၊ CUNPK မှ နည်းပြအရာရှိများ၊ စစ်သည် သင်တန်းသားအရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသော မှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှု ကြသည်။

အဆိုပါသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment