Pages

Friday, December 22, 2017

အောင်မြေသာစံ မြို့နယ်၌ ခြံဝင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ



မန္တလေး ၂၂-၁၂-၂၀၁၇

မန္တလေး အောင်မြေသာစံမြို့နယ်၌ ဒီဇင်ဘာ ၂ဝ ရက်က လူနေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် အမှတ် (၄) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်သေများပါဝင် သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ဝ ရက် ညနေ၃နာရီက အောင်မြေသာစံမြို့နယ် ၁၄-၁၅လမ်း၊၈၇-၈၈ လမ်းကြား ပြည်ကြီးရန်လုံရပ်ကွက်ရှိ အကွက်အမှတ် (၄၁၅၅၂) ခြံဝင်းအတွင်းသို့ သတင်းအရ သွားရောက် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ဝင်းမောင်မောင် မတ္တရာမြို့နယ် ရေနံသာ ကျေးရွာနေသူနှင့်အတူ တရားမဝင် ကျွန်းသစ်လုံး၁၁လုံး သုညဒသမ ၈၆ တန်၊ တမလန်းသစ်လုံးနှစ်လုံး သုညဒသမဝ၆၄တန်၊ ပိတောက်သစ်လုံး၂၇လုံး သုညဒသမ ၄၃၄ တန်၊တမလန်းသစ်ခွဲသား သုံးချောင်းသုညဒသမ ၆၅၂ တန်၊ ပိတောက်သစ်ခွဲသား ၂၉ ချောင်း သုညဒသမ ၉၆၂၉၆တန်တို့ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းမောင်မောင်ကို အောင်မြေသာစံမြို့နယ် အမှတ် (၄) နယ်မြေရဲစခန်းက (ပ) ၃၆၅/၂ဝ၁၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ၆ (၁) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment