Pages

Friday, December 22, 2017

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကျင်းပပြီးစီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုး ယူရိုငွေ ၄၃၉ ဒသမ ၃၅သန်းခန့် ရောင်းချနိုင်ခဲ့



နေပြည်တော် ၂၂-၁၂-၂၀၁၇

ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ၁ဝ ရက် ကြာကျင်းပခဲ့သည့် ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး ကျောက်မျက်၊ ကျောက်စိမ်း စုစုပေါင်းတန်ဖိုး ယူရိုငွေ ၄၃၉ ဒသမ ၃၅
သန်းခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဒသမနေ့အဖြစ် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲ ၆၆၁ တွဲကို ရတနာကုန်သည်များထံ ထပ်မံရောင်းချ ပေးနိုင်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်စိမ်းအတွဲ ၉၃၅ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၆၆၁ တွဲကို စုစုပေါင်းတန်ဖိုးယူရိုငွေ ၇၆ ဒသမ ဝ၉၂ သန်းဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြပွဲဒသမနေ့သို့ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၃၂ကျော် တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်ကြည့်ရှုလေ့လာဝယ်ယူကြသည်။ မွန်းလွဲပိုင်းတွင် မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည်မှတ်ပုံတင် အဆောက်အအုံ၌ ၂ဝ၁၇ ခုနှစ်နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲဆိုင်ရာ အရောင်းစာရင်းအချက်အလက်များကို ထုတ်ပြန်ကြေညာသည်။

ရှင်းလင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။

ယခု ၂ဝ၁၇ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၃၂တွဲကို တန်ဖိုးငွေယူရို သုည ဒသမ ၇၆၇ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ စုစုပေါင်း ၅ဝ၅၄တွဲကို တန်ဖိုးငွေ ယူရိုသန်း ၄၃၈ဒသမ ၅၈၃ သန်းဖြင့်လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment