Pages

Tuesday, October 31, 2017

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ရှိ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇


နိုင်ငံတော်ကာကွယ်ရေးအတွက် လေ့ကျင့်သား ပြည့်ဝသည့်ကာကွယ်ရေး အရန်အင်အားစုအဖြစ် တည်ဆောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက်တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ ၁၆၃၅ ဦးအား အောက်တိုဘာ ၁ ရက်တွင်စခန်းချလေ့ကျင့်ရေးသင်တန်း များဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲများကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အသီးသီးပြုလုပ် ကြသည်။

သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် သင်တန်းနည်းပြများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများက သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

ထို့နောက် သင်တန်းများအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ကြသည်။

အဆိုပါ စခန်းချလေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ ၁ ရက်မှ ယနေ့အထိ ငါးပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလအတွင်း စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်များ၊ ကိုယ်စီစစ်မြေပြင် ကျွမ်းကျင်မှုဘာသာရပ်နှင့် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကိုယ်လက်ကြံ့ခိုင် မှုလေ့ကျင့်ခန်း၊ လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်းနှင့် အတားအဆီးများ ဖြတ်ကျော်မှု လေ့ကျင့်ခန်းတို့ကိုပါ သင်ကြားလေ့ကျင့် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment