Pages

Tuesday, October 31, 2017

ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရန် ပြင်ဦးလွင် Tall Gate (ပွဲကောက်) ဖျက်သိမ်းမည်



ပြင်ဦးလွင် ၃၁-၁၀-၂၀၁၇

ပြင်ဦးလွင်- နောင်ချို ကားလမ်း၌ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် နိုဝင်ဘာ ၁ ရက်မှစ၍ ပြင်ဦးလွင် Tall Gate (ပွဲကောက်) ကို ဖျက်သိမ်းရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။

အရှည် ၇၁ မိုင်ဝန်းကျင်ရှိသော မန္တလေး-ပြင်ဦးလွင်-ဝက်ဝံ-နောင်ချိုလမ်းပိုင်းအတွင်း၌ Tall Gate သုံးခုဖြင့် လမ်းအသုံးပြုခ ကောက်ခံလျက်ရှိရာမှ နိုဝင်ဘာ ၁ ရက်မှစ၍ ကျောက်ချောဂိတ်နှင့် ဝက်ဝံဂိတ်တို့မှ သာကောက်ခံရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပြင်ဦးလွင် Tall Gate (ပွဲကောက်) နေရာသည် လမ်းတိုးချဲ့ဖောက်လုပ်ရန် မြေနေရာအခက်အခဲရှိခြင်း၊Tall Gate အနီး၌ တည်ရှိသော မဟာအံ့ထူးကံသာဘုရားသို့ ဘုရားဖူးလာယာဉ်များ များပြားစွာ လာရောက်သည့်အခါ ကားလမ်းပိတ်ဆို့မှု ဖြစ်ခြင်း၊ နာရေးယာဉ်များ မြို့တွင်းမှ ပို့ဆောင်သွားလာသည့်အခါ Tall Gate မှ ဖြတ်သန်းသွားရသည့်အတွက် ခရီးသည်တင်ယာဉ်များက စောင့်ဆိုင်းပေးနေရခြင်း စသည့်အခက်အခဲများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Tall Gate နှစ်ခုဖြင့် လမ်းအသုံးပြုခ ကောက်ခံရာတွင် ကျောက်ချော Tall Gate မှ ယခင် ၂၄ မိုင် ကောက်ခံရာမှ ၃၉ မိုင်ဖြင့်လည်းကောင်း၊ ဝက်ဝံ Tall Gate မှ ယခင် ၂၃ မိုင် ကောက်ခံရာမှ ၃၂ မိုင်ဖြင့် လည်းကောင်း အစားထိုး၍ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment