Pages

Tuesday, July 25, 2017

လျှပ်စစ်အန္တရာယ်မဖြစ်စေရန် အဆင့်မြင့်လျှပ်စစ်ကာကွယ်ရေး သုံးပစ္စည်းများသာ အသုံးပြုသင့်



ရန်ကုန် ၂၅-၇-၂၀၁၇

ဖွံ့ဖြိုးတိုးတက်လာသော မြို့ပြလူနေမှုဘဝနှင့် စက်ရုံအလုပ်ရုံများ၌ မရှိမဖြစ် သုံးစွဲနေရသော လျှပ်စစ်ဓာတ်အားကြောင့် လူအများအန္တရာယ် မကျရောက်စေရန် နည်းပညာမြင့် လျှပ်စစ်အန္တရာယ် ကာကွယ်ရေးသုံးပစ္စည်းများကိုသာ တပ်ဆင်အသုံးပြု သင့်ကြောင်းရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မိုးထံမှ သိရသည်။

''လျှပ်စစ်ဆိုတာ သုံးတတ်ရင် အလွန်အကျိုးရှိတဲ့ စွမ်းအင်ဖြစ်သလို မသုံးတတ်ရင် လူ့အသက်ကိုပါ ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်။ ဒါ့ပြင် ဝိုင်ယာရှော့ခ်ပဲ ဖြစ်ဖြစ်၊ အပူလွန်ကဲတာပဲဖြစ်ဖြစ် မီးလောင်မှုတွေ မကြာခဏ ဖြစ်နေတယ်။ လျှပ်စစ်အန္တရာယ်တွေကို တားဆီးနိုင်အောင် အဆင့်မြင့်တဲ့ လျှပ်စစ်ပစ္စည်းတွေ မရှိမဖြစ် လိုအပ်တယ်။ လူနေအိမ်တွေ၊ ရုံးခန်းတွေ၊ ဆေးရုံတွေနဲ့ စက်ရုံတွေမှာ နည်းပညာမြင့်တဲ့ လျှပ်စစ်ကာကွယ်ရေး သုံးပစ္စည်း တွေ တပ်ဆင်အသုံးပြု ဖို့လိုအပ်တယ်။ ကျွန်တော်တို့ ဌာနဆိုင်ရာတွေအနေနဲ့ လူနေရပ်ကွက်ထဲမှာ လျှပ်စစ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေ ကင်းဝေးဖို့ အရည်အသွေးမြင့် တာရှည်အသုံးခံတဲ့ ပစ္စည်းတွေပဲသုံးတယ်။ ဒါကလည်း ကြိုတင်ကာကွယ်ရေး စနစ်တစ်ခုဖြစ်ပါတယ်'' ဟု ဦးအောင်ကျော်မိုးက ပြောသည်။

ယခုအခါ ပြည်တွင်းဈေးကွက်သို့ ပြင်သစ်နိုင်ငံထုတ် Legrand ၏ လျှပ်စစ်ကာကွယ်ရေး သုံးထုတ်ကုန်များ ဝင်ရောက်လာပြီ ဖြစ်သည်။ အဆိုပါနည်းပညာမြင့် ပစ္စည်းများ မြန်မာနိုင်ငံ၌ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ မှလျှပ်စစ်အတိုင်ပင်ခံများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ပြင်သစ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့မှ လျှပ်စစ်နည်းပညာရှင်များ ပူးပေါင်းကာ Legrand လျှပ်စစ်ကာကွယ်ရေးသုံး ပစ္စည်းများကို နည်းစနစ်မှန်မှန် အသုံးပြုနိုင်ရေး ယခု လ လယ်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment