Pages

Tuesday, July 25, 2017

စစ်ဆေးသည့် ပဲသွေးနမူနာတိုင်းတွင် ဖော်မလင်သုံးစွဲထားကြောင်း တွေ ရှိ



ရန်ကုန် ၂၅-၇-၂၀၁၇

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ဈေးများ၌ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ပဲသွေးနမူနာတိုင်းတွင် ဖော်မလင် သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရွှေစင်လှိုင်ထံမှ သိရသည်။

ပဲသွေး၌ ဖော်မလင်ပါရှိကြောင်း ယခုနှစ်မေလတွင် FDA က စတင်စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတတိယပတ်အထိ ဈေးပေါင်း၂ဝ သို့သွားရောက် စစ်ဆေးခဲ့ရာ ကောက်ယူစစ်ဆေးသည့် နမူနာပဲသွေးအခု ရေ ၃ဝဝ စလုံးတွင် ဖော်မလင်သုံးစွဲ ထားသည်ကို တွေ့ရှိခဲ့ရသည်။

ပဲသွေးနှင့် ပဲပြားများတွင် ဖော်မလင် သုံးစွဲခြင်းမရှိဘဲ စားသုံးသူများအား ဘေးထွက်ဆိုးကျိုး မရှိစေနိုင်သည့် တခြားအစားထိုး ပစ္စည်းများသုံးစွဲရန် လုပ်ငန်းရှင်များ နှင့်ညှိနှိုင်း ဆွေးနွေးသော်လည်း လက်ရှိအချိန်ထိဖော်မလင် သုံးစွဲနေကြောင်း FDA (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသဇင်ရီလှိုင်က ပြောသည်။

FDA အနေဖြင့် ဖော်မလင်သုံးစွဲမှုကို ရှောင်တခင် စစ်ဆေးရာတွင် ဖော်မလင် တွေ့ရှိသည့် ပဲသွေးဆိုင်များမှ တစ်ဆင့်ထုတ်လုပ် ဖြန့်ချိနေသူများအထိ ကွင်းဆက်လိုက်ကာ ပစ္စည်းများဖျက်ဆီးခြင်း၊ အသိပညာပေးခြင်းနှင့် အရေးယူမှုများပါ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment