Pages

Tuesday, July 25, 2017

မိုးညှင်းမြို့နယ်တွင် လောင်စာဆီ သယ်ဆောင်လာသည့် ဆီဘောက်ဆာ မော်တော်ယာဉ် အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွား



မိုးညှင်း ၂၅-၇-၂၀၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသစိတ် ဘိုကုန်းကျေးရွာတွင် လောင်စာဆီများ သယ်ဆောင်လာသော ဆီဘောက်ဆာ မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် နန်းမားနယ်မြေ ရဲစခန်းတွင် ရဲအုပ်မောင်မောင်အေးသည် စခန်းမှူးတာဝန် ဆောင်ရွက်နေစဉ် ယနေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က ဘိုကုန်းကျေးရွာတွင် လောင်စာဆီများ သယ်ဆောင်လာသော ဆီဘောက်ဆာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ယာဉ်မောင်းမျိုးမင်း မောင်းနှင်လာသော စက်သုံးဆီများ သယ်ဆောင်လာသည့် ယာဉ်အမှတ်၆ခ/------အဖြူရောင် ရှစ်ဘီးဘောက်ဆာ ဆီသယ်ယာဉ်သည် မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုးညှင်းမြို့နယ် ဘိုကုန်းကျေး ရွာအရောက် ကားလမ်းမိုင်တိုင်အမှတ် ၃၁၆တွင် မျက်နှာချင်းဆိုင် မှလာသော ယာဉ်တစ်စီးကို တိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ကျရောက်ပြီး လမ်းဘေးတွင် ပက်လက်အနေအထား တိမ်းမှောက်သွား ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်မောင်မောင်အေးက တရားလိုပြုလုပ်၍ မော်တော်ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းမျိုးမင်း (ဘ) ဦးလှသိန်း မြေမြင့်ရပ်ကွက် မြစ်ကြီးနားမြို့နေထိုင်သူကို အရေးယူပေးရန် အမှုဖွင့် တိုင်ကြားသဖြင့် နန်းမားနယ်မြေ ရဲစခန်းက ယာဉ်(ပ) ၇/၂ဝ၁၇၊  ရာဇသတ်ကြီးပုဒ်မ-၂၇၉အရ အမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment