Pages

Tuesday, May 9, 2017

စစ်မှုထမ်းဟောင်း စံပြကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသ ရေးအဖွဲ့ က ဒေသခံပြည်သူများအား ကျန်းမာရေး
                                  စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။


နေပြည်တော် ၉-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ စစ်မှုထမ်းဟောင်း စံပြကျေးရွာ (သပိတ်ကုန်း) နေ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် မိသားစုများအား ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုး ဇော်သိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး အဆိုပါ စစ်မှုထမ်းဟောင်း စံပြကျေးရွာ၌ တည်ဆောက် လျက်ရှိသည့် ဓမ္မာရုံဆောက်လုပ် ပြီးစီးမှုနှင့်ရေကန်ပြုပြင်ထား ရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် သပိတ်ကုန်း ကျေးရွာရှိ ဝေဠုဝန် သာသနာ့ရိပ်သာ သို့သွားရောက်၍ အဆိုပါ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် သာသနဓဇ မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ သုဒဿနအား ဖူးမြော်ကာ ဆွမ်းဆန်တော်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment