Pages

Tuesday, May 9, 2017

နွေရာသီရေကူး သင်တန်းဖွင့်ပွဲ ပြုလုပ်


အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ကျောင်းသား၊ ကျောင်းသူးများအား ရေကူးသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၉-၅-၂၀၁၇

နွေရာသီကျောင်း ပိတ်ရက်များတွင် ကျောင်းသား လူငယ်များ အနေဖြင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်စေရန် နှင့် ရေကူးအားကစား ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်
သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် နွေရာသီရေကူးသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ ရေတပ်စခန်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊
သင်တန်းသား ကျောင်းသား၊ ကျောင်းသူ များနှင့် သင်တန်းနည်းပြများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ ထို့နောက် နယ်မြေခံရေတပ်စခန်း ရေကူးကန်၌ ကျောင်းသား၊ ကျောင်းသူများအား သင်တန်းပို့ချနေမှုတို့ကို သွားရောက် ကြည့်ရှု အားပေးသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးဖြင့် ဇွန် ၂ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment