Pages

Tuesday, May 9, 2017

လေကြောင်းလူငယ် တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ CH-601 လေယာဉ်များဖြင့် လေ့ကျင့်ပျံသန်း


လေသူရဲများက လေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား လေယာဉ်ငယ်ပျံသန်းခြင်း
လက်တွေ့လေ့ကျင့်ခန်းများ ရှင်းလင်း ပြသပေးစဉ်။

လေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများ CH-601 လေယာဉ်ဖြင့် 
လက်တွေ့လေ့ကျင့်ပျံသန်းစဉ်။

နေပြည်တော် ၉-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် လေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)မှ သင်တန်းသား၊ သင်တန်းသူများအား လေယာဉ်ပျံသန်းမှု အတွေ့အကြုံ ရရှိစေရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ မှော်ဘီ လေတပ်ဆွယ်၌ CH-601 လေယာဉ်များဖြင့် လက်တွေ့ ပျံသန်းမှုများ ပြုလုပ်ပေးသည်။

ပျံသန်းရာတွင် သင်တန်းသားတစ်ဦးစီကို CH-601 လေယာဉ်များတွင် တစ်ဦးချင်း လိုက်ပါစီးနင်း စေပြီး လေကြောင်းဆိုင်ရာ အတွေ့အကြုံများနှင့် ပျံသန်းမှုများကို လေသူရဲများက ရှင်းလင်းပြသ ပေးကြသည်။

အလားတူ လေကြောင်းလူငယ် အခြေခံ သင်တန်းများကို မြစ်ကြီးနားမြို့၊ လွိုင်ကော်မြို့၊  နမ့်စန်မြို့၊ တောင်ကြီးမြို့၊ ဟုမ္မလင်းမြို့၊ မုံရွာမြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ရန်ကုန်မြို့၊ ပုသိမ်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့နှင့် တောင်ငူမြို့တို့ရှိ လေ့ကျင့်ရေးစခန်းများတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၂ဝ ဦးဖြင့် ဖွင့်လှစ်သင်ကြား လျက်ရှိရာ အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်း ပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရား၊ လေယာဉ်စက်အုံ တည်ဆောက်မှု အခြေခံများ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ လေယာဉ်ငယ်ပျံသန်းခြင်း လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီး သွားရောက်ခြင်း များကို ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment