Pages

Saturday, March 4, 2017

မုံရွာမြို့၊ နယ်မြေခံတပ်မတော် ဆေးရုံသို့ ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း


အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ မုံရွာမြို့ နယ်မြေခံတပ်မတော်
ဆေးရုံအတွက် အလှူငွေများပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် (၄-၃-၂၀၁၇)

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ အနောက်မြောက်  တိုင်းစစ်ဌာန ချုပ်နှင့် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များ ကလှူဒါန်း သည့် ဆေး ပဒေသာပင် အလှူငွေ ပေးအပ် လှူဒါန်းခြင်း ကို ယနေ့ နေ့လယ် ပိုင်းတွင် အဆိုပါ ဆေးရုံ အစည်း အဝေးခန်းမ ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူ များတက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဆေးပဒေသာ ပင်လှူဒါန်း ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြား ပြီး တိုင်းစစ် ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့ များမှ လှူဒါန်းသည့် ဆေးပဒေသာ ပင်အလှူ ငွေကျပ် ၁ဝ သိန်းနှင့် အလှူရှင် များက လှူဒါန်းသည့် ဆေး ပဒေသာပင် အလှူ ငွေကျပ် ခုနစ် သိန်းတို့ကို တိုင်းမှူး နှင့်အလှူ ရှင်တစ်ဦးက ပေးအပ်လှူ ဒါန်းရာ ဆေးရုံတပ် မှူးက လက်ခံ  ရယူပြီး ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည် ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများ သည် ဆေးရုံ တက်ရောက် ကုသမှု ခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ ၏ကျန်းမာရေး အခြေ အနေများ ကို ကြည့်ရှု အားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိသည်။  

#Themyawadydaily

No comments:

Post a Comment