Pages

Saturday, March 4, 2017

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၁)နှစ် မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ်



နေပြည်တော် (၄-၃-၂၀၁၇)

တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ၏ (၂၁)နှစ် မြောက် တိုင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဘုရား အနေကဇာ တင်ခြင်းနှင့် သံဃာတော် များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်း ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခေမာရဋ္ဌ ပြည်ငြိမ်းအေး စေတီတော် ဓမ္မာရုံ ၌ပြုလုပ်ရာ ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော် များ ကြွရောက် တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် တာဝန်ရှိသူ များက သံဃာတော် များအား အရုဏ်ဆွမ်း၊ သင်္ကန်း နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် တိုင်း နှစ်ပတ်လည်နေ့ အထိမ်း အမှတ် စစ်ရေးပြကို ကျိုင်းတုံ တပ်နယ် စစ်ရေးပြ ကွင်း၌ ပြုလုပ်ရာ တိုင်းမှူးက တက်ရောက်  အမှာစကား ပြောကြားပြီး စစ်ရေးပြ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ် ကြသည်။

ဆက်လက်၍ တိုင်း စစ်ဌာန ချုပ်မှ တာဝန် ရှိသူများက တိုင်းစစ် ဌာနချုပ် စစ်ရေးပြ  ကွင်း၌  ပြုလုပ်သည့် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း မှတ် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှု များကို သွား ရောက် ကြည့်ရှု အားပေး ကြသည်။

မွန်းလွဲ ပိုင်းတွင် တိုင်းနှစ်ပတ်လည် နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ပြည်ငြိမ်းအေး ခန်းမ ၌ပြုလုပ်ရာ မြန်မာ နိုင်ငံ စစ်မှုထမ်း သင်္ဂဟ တံဆိပ် ရရှိသူများ၊ စစ်မှု ထမ်းကောင်း တံဆိပ် ရရှိသူများ၊ သင်တန်း ဆိုင်ရာ ထူးချွန်ဆု ရရှိသူများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အား ကစား ပြိုင်ပွဲများတွင် ဆုရရှိသူများ နှင့် အိမ်ထောင် သည်လိုင်း သန့်ရှင်း ရေးဆုရရှိသူ များအား တိုင်းမှူးနှင့် တာဝန် ရှိသူများ က ဆုများ အသီးသီး ပေးအပ်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစု များအား ကံစမ်းမဲ ဖောက်ပေး ခြင်းများ ပြုလုပ် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment