Pages

Saturday, March 4, 2017

မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ တည်ဆောက်မည်



ရန်ကုန် (၄-၃-၂၀၁၇)

မြန်မာ-တရုတ် နှစ်နိုင်ငံ ကြား တရား မဝင် ကုန်သွယ်မှု နှင့် အရည်အသွေး နိမ့် ကုန်ပစ္စည်း များ ဈေးကွက် ဝင်ရောက်မှု တားဆီးရေး အတွက် နယ်စပ် ဖြတ်ကျော် စီးပွားရေး ဇုန်များ တည်ဆောက် သွားမည် ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်း က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် ရုံး၌ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ဒုတိယ ပြည်နယ် အုပ်ချုပ် ရေးမှူး Mr.Chen Shun ဦး ဆောင်သည့် ပြည်နယ် အစိုးရ အဖွဲ့နှင့် မြန်မာ နိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်  များ အသင်းချုပ် တို့ ဆွေးနွေးပွဲ မှ သိရသည်။

အဆိုပါ ဆွေးနွေးမှု တွင် နှစ်နိုင်ငံကြား ကြီးထွား လာသော တရား မဝင် နယ်စပ် ကုန်သွယ်မှု နှင့်အတူ အရည် အသွေးနိမ့် ကုန်ပစ္စည်း များ၊ ဈေးကွက် ဖျက်ကုန် ဈေးနှုန်း ဖြင့် တင်ပို့ နေမှု များကို ပူးပေါင်း ကာကွယ် တားဆီး နိုင်ရေး၊ တရားဝင် နယ်စပ် ကုန်သွယ်ရေး မြှင့်တင် နိုင်ရေး နှင့် နယ်စပ် ဖြတ်ကျော် စီးပွားရေး ဇုန်များ တည်ထောင် နိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။ 

ယခု ကဲ့သို့ နယ်စပ် ဒေသ တရား ဥပဒေ စိုးမိုးရေး နှင့် တရား မဝင် ကုန်သွယ် မှု လျှော့ချ နိုင်ရေး အတွက် မြန်မာ နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍတို့ နှင့်အတူ တရုတ် နိုင်ငံမှ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အရည် အသွေး တိုင်းတာ သည့် စက် ကိရိယာ များနှင့် နည်းပညာ များကို ပံ့ပိုး ကူညီ သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန် ပြည်နယ် ဒုတိယ ပြည်နယ် အုပ်ချုပ် ရေးမှူး Mr.Chen Shun က ပြောသည်။

ယင်း ကဲ့သို့ တရားမဝင် ကုန်သွယ်မှု လျှော့ချရေး မှသည် နယ်စပ် ဒေသ ဖွံ့ဖြိုးရေး နှင့် မြန်မာ့ စီးပွားရေး တိုးတက် လာစေရေး အတွက် နယ်စပ် ဖြတ်ကျော် စီးပွားရေး ဇုန်များ လက်တွဲ တည်ထောင် သွားမည် ဖြစ်ပြီး အဓိက အနေဖြင့် နှစ်ဖက် ဈေးကွက် လိုအပ် ချက်ကို ဖြည့်ဆည်း နိုင်မည့် ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ဖလှယ် နိုင်မည့် စီးပွားရေး နှင့် ကုန်သွယ်မှု ဇုန်များ တည်ထောင် ခြင်းဖြင့် နယ်စပ် ကုန်သွယ်မှု မြှင့်တင်သွား မည်ဖြစ် ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment