Pages

Thursday, March 23, 2017

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ၏ (၉) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပမည်



နေပြည်တော် ၂၃-၃-၂၀၁၇

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၏ (၉) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲကို မတ် ၂၆ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) အုပ်ချုပ် ရေးမှူး ဦးဝေလွင်ဦး ထံမှ သိရသည်။ 

''နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ကို ၂ဝဝ၈ ခုနှစ် မတ် ၂၆ ရက်က စတင်ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် မတ် ၂၆ ရက်ဆို ကိုးနှစ် ပြည့်ပါပြီ။ ဒါကြောင့် (၉) နှစ်ပြည့် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်''ဟု ဦးဝေလွင်ဦး ကပြောသည်။ 

အဆိုပါ ပျော်ပွဲရွှင်ပွဲတွင် ဆင်လိမ္မာ ကပွဲကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ တစ်ကြိမ် ကပြဖျော်ဖြေ မည်ဖြစ်ပြီး မြက်ခင်း ပြင်တွင် ရှိုးပွဲဖြင့် ဖျော်ဖြေ  မည်ဖြစ်ကာ ပျော်ပွဲရွှင်ပွဲသို့ ငါးဦးနှင့် အထက် လာရောက် လည်ပတ် ပါက တိရစ္ဆာန် ဥယျာဉ်မွေးနေ့ အမှတ်တရ အင်္ကျီ များကို လက်ဆောင် အဖြစ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဝင်ကြေး အနေဖြင့် ယခင်က ကောက်ခံသည့် အတိုင်း လူကြီး ငွေကျပ် ၁ဝဝဝ နှင့် ကလေး ငွေကျပ် ၅ဝဝ သာ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment