Pages

Thursday, March 30, 2017

ရှားပါးသည့်သိကြားမင်း ပုရပိုက်ကိုင်ဟန်ရုပ်တု မန္တလေးနန်းတွင်းပြတိုက်မှ အင်းဝပြတိုက်သို့ ပြောင်းရွှေ့ပြသ



တံတားဦး ၃၀-၃-၂၀၁၇

အလွန်ရှားပါးပြီး ထူးခြားသည့် လက်ရာ သိကြားမင်း ပုရပိုက်ကိုင်ဟန် ရုပ်တုသည် အင်းဝဒေသမှ မန္တလေးနန်းတွင်း ပြတိုက်သို့ ရောက်ရှိ နေခဲ့ရာမှ ၄၄ နှစ်ကြာ ယခုနှစ်တွင် အင်းဝရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်သို့ ပြန်လည်ရောက်ရှိ လာကြောင်းအင်းဝ ပြတိုက်တာဝန် ရှိသူတစ်ဦး ထံမှ သိရသည်။

အဆိုပါ ရုပ်တုသည် အင်းဝဒေသ  တနင်္ဂနွေမင်းကြီး ကောင်းမှု မဟာမင်္ဂလာမာန်အောင် ဘုရားတွင် ထားရှိသော ရုပ်တုဖြစ်ပြီး သဘာဝဘေး အန္တရာယ်မှ ကင်းဝေးစေရန် နှောင်းလူများ လေ့လာနိုင်ရန် ရည်ရွယ်၍ အင်းဝဈေးကြီးရပ်မှ ဦးလှရွှေနှင့် ယွန်းတန်းရပ်မှ ဦးဘိုကေတို့က ဟံသာဝတီ အုပ်စု မြဝတီစာကြည့် အသင်းဥက္ကဋ္ဌထံ အပ်နှံထားခဲ့ရာ မြဝတီစာကြည့်အသင်း ဥက္ကဋ္ဌ ဦးကြင်စိန်က ၁၉၇၃ ခုနှစ် မတ် ၂၉ ရက်က မန္တလေး နန်းတွင်းပြတိုက်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သိကြားမင်းပုရပိုက် ကိုင်ဟန်ရုပ်တုသည် ကျွန်းသစ်ဖြင့် ထုလုပ်ထားပြီး မြန်မာမှု လက်ရာ ပီပြင်စွာထုလုပ် ထားသည့် အင်းဝခေတ် လက်ရာဖြစ်ပြီး အင်းဝဒေသမှ မန္တလေးနန်းတွင်း ပြတိုက်သို့ ရောက်ရှိနေခဲ့ရာ ၄၄ နှစ်ပြည့်သည့် ယနေ့တွင် အင်းဝဒေသ အင်းဝပြတိုက်သို့ ပြောင်းရွှေ့ ပြသထားခြင်း ဖြစ်ကြောင်း အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment