Pages

Thursday, March 30, 2017

အကျေ ၊ အလွန် သင်တန်းဆင်း မြို တိုင်းရင်းသားများ ၇၀ ရာခိုင်နှုန်း သင်ယူတတ်မြောက်


အကျေ ၊ အလွန် သင်တန်းဆင်းပွဲတွင် သင်တန်းသား ၊ သင်တန်းသူများအတွက် 
ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်


နေပြည်တော် ၊ ၃၀-၃-၂၀၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာ ရှိ မြိုတိုင်းရင်းသားများ မြန်မာစာ တတ်မြောက်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်မတော်ပညာရေး ကျောင်းများမှ နည်းပြများဖြင့် အကျေ၊ အလွန် သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ရာ သင်ယူတတ်မြောက်မှု ၇ဝ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၆၃ စု၊ လူဦးရေ ၃၄၄ ဦးရှိသည့်အနက် မြန်မာစာ မတတ်မြောက်သူ မြိုတိုင်းရင်းသား ၄၃ ဦးကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှ ၂ဝ၁၇ ခုနှစ်၊ မတ် ၃ ရက်အထိ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်း စာအုပ်ပါ အခန်း (၁/၂)ဖတ်ခြင်း၊ ရေးခြင်း၊ သင်္ချာဘာသာရပ် သင်ရိုးညွှန်းတမ်း စာအုပ်ပါ အခန်း(၁/၂) ကိန်းဂဏန်း သင်္ကေတများရေးခြင်း၊ ရွတ်ဆိုခြင်း စသည့် သင်ခန်းစာများကို အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၌ သင်ကြား ပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲကို အဆိုပါကျောင်း၌ပင် ပြုလုပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment