Pages

Saturday, February 18, 2017

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ ဘတ်စ်ကား ၉၅ စီးအထိ Wi-Fi အခမဲ့ စနစ်အပါအ၀င် အဆင့်မြင့်တင်မှုများပြီးစီး


ရန်ကုန်( ၁၈-၂-၂၀၁၇)
.
ယခင် မ-ထ-သ ယာဉ်လိုင်းမှ ပိုင်ဆိုင်သော အများပိုင် ကုမ္ပဏီ (YUPT) ၏ ဘတ်စ်ကားများ တွင် Wi-Fi အခမဲ့စနစ် အပါအဝင် အဆင့်မြှင့် တင်မှုများ ပြုလုပ် လျက်ရှိရာ လက်ရှိတွင် ဘတ်စ်ကား ၉၅ စီးအထိ
တပ်ဆင် ပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ ဆောင်ရေးကုမ္ပဏီ (YUPT) မှ သိရသည်။
.
အဆိုပါ ကုမ္ပဏီ ပိုင်ယာဉ်လိုင်းများ ဖြစ်သော ယာဉ်လိုင်း၂ဝ အနက် ယာဉ်လိုင်း နံပါတ် ၂၄၊ ၂၈၊ ၃၆ နှင့် ၅၈ တို့တွင် အဆင့်မြှင့် တင်တပ်ဆင်မှု ပြုလုပ်ခြင်း ဖြစ်ပြီး တစ်စီးလျှင် ငွေကျပ် ၁၈ သိန်းခန့် အကုန်အကျခံ
တပ်ဆင် နေခြင်းဖြစ်သည်။ ဘတ်စ်ကား တစ်စီးလျှင် CCTV ကင်မရာ ငါးလုံး၊ ယာဉ်စီးခထည့်ရန် Cash Box တစ်လုံး၊ GPS နှင့် Wi-Fi ခမဲ့ စနစ်များ ပါဝင်ကြောင်း သိရသည်။
.
''ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တပ်ဆင်ထားတဲ့ CCTV ငါးလုံးနဲ့ GPS ပါဝင်ပါတယ်။ တပ်ဆင်ပြီး သွားတဲ့ယာဉ် တွေကိုတော့ မနေ့ကစပြီး ယာဉ်နောက်လိုက် မပါဘဲ ပြေးဆွဲနေပါပြီ။ အခုလို အဆင့်မြှင့် တင်တာ
တွေနဲ့ ယာဉ်အစီး ရေလုံလောက်မှုရှိဖို့ ကုမ္ပဏီအနေနဲ့ တဖြည်းဖြည်း လုပ်ဆောင် သွားမှာပါ''ဟု  ရန်ကုန်
မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ကပြောသည်။
.
YUPT ကုမ္ပဏီမှ အများပိုင် ယာဉ်လိုင်း စနစ်တွင် ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ဘတ်စ်ကား အစီးရေ ၄၂ဝမှာ ယူတင်သွင်း ထားပြီး လက်ရှိတွင် အစီးရေ ၂၂၅ စီးရောက် ရှိပြီးဖြစ်ကာ အဆင့်မြှင့်တင် တပ်ဆင် မှုများလုပ်ဆောင် နေခြင်းဖြစ်သည်။ အဆင့်မြှင့်တင် တပ်ဆင်ပြီးသော ယာဉ်များ ကို YBS ၃၆ ယာဉ်လိုင်းတွင် ယာဉ်နောက် လိုက်မပါ ဘဲပြေးဆွဲနေ ကြောင်း သိရသည်။
.
#Themyawadydaily

No comments:

Post a Comment