Pages

Saturday, February 18, 2017

ဆေးတက္ကသိုလ် များ၌ နိုင်ငံတကာအဆင့်မီ သင်ကြားရေး စနစ်များ ပြောင်းလဲကျင့်သုံးမည်


ရန်ကုန် (၁၈-၂-၂၀၁၇)

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှ စ၍ ဆေးတက္ကသိုလ် များ၌ ပညာရေး အဆင့်မြင့်မား စေရန် နိုင်ငံတကာအဆင့်မီ သင်ကြားရေး စနစ်များဖြင့် ပြောင်းလဲကျင့်သုံး သွားမည်ဖြစ်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် (၁)ပါမောက္ခ ချုပ် ဒေါက်တာ ဇော်ဝေစိုးထံမှ သိရသည်။

ယခုနှစ် ဒီဇင်ဘာလမှ စတင် တက်ရောက်မည့် ပထမနှစ် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ဖြင့် ပြောင်းလဲ သင်ကြား ပေးသွားမည်ဖြစ်ပြီး ယင်းစနစ်ပြောင်းလဲ
ရာတွင် ကျောင်းသား ဗဟိုပြု သင်ကြားရေးကို အသုံးပြုမည် ဖြစ်၍ ကိုယ်တိုင် လေ့လာနိုင်သော ပညာရေး စနစ်အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ယခင်ကကဲ့သို့ စာသင်ချိန်များစွာ ပေးမည်မဟုတ်ဘဲ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူ အပြန်အလှန် မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ကို Small Group ပုံစံဖြင့် ကိုယ်တိုင် နည်းလမ်းရှာဖွေ နိုင်သည့် နည်းများကို သင်ကြားပေးမည်ဖြစ်သည်။

ယင်း ဆေးပညာသင်ကြားရေး စနစ်ကို World Federation of Medical Education ၏ သင်ရိုးညွှန်းတမ်း အပေါ်အခြေခံပြီး သင်ကြားပေး မည်ဖြစ်ပြီး အဆိုပါစနစ်ကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် စတင်ပြောင်းလဲရန် ကြိုးပမ်း ခဲ့သေးကြောင်း သိရသည်။

လက်ရှိတွင် ယင်းစနစ်ကို မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ငါးခုနှင့် တပ်မတော်ဆေး တက္ကသိုလ် အပါအဝင် စုစုပေါင်း ဆေးတက္ကသိုလ် ခြောက်ခု၌ ပြောင်းလဲကျင့်သုံး သွားမည်ဖြစ်သည်။

သင်ရိုး ညွှန်းတမ်းများတွင် အရေးပေါ် ဆေးပညာရပ် များအပြင် အပြုအမူကျင့်ဝတ် ပိုင်းဆိုင်ရာ ဘာသာရပ်များ ထည့်သွင်း သင်ကြားပေး မည်ဖြစ်သည်။ လက်ရှိတွင် ဆေးတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း
အမှတ်ပေးစနစ် အတိုင်း သတ်မှတ်ထားပြီး နောက်ပိုင်းတွင် လူတွေ့ဖြေဆိုခြင်း များပါ ထည့်သွင်းရန် စီစဉ်လျက်ရှိသည်။

 ယင်းစနစ် သို့ပြောင်းလဲ ရခြင်းမှာ အရည်အသွေးနှင့် အရည်အချင်း ပိုင်းပါ ကိုက်ညီသည့် အမျိုးသား ကျန်းမာရေး စီမံကိန်းများ နှင့်ကိုက်ညီသော ဆရာဝန် ကောင်းများကို မွေးထုတ်ပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း
သိရသည်။ 
.
#Themyawadydaily

No comments:

Post a Comment