Pages

Monday, February 27, 2017

ဂျပန်နိုင်ငံ၏ အလုပ်သမားများအပေါ် အလေးထားသည့် Premium Friday အစီအစဉ်သစ်



( ရှိန်းထက် ဘာသာပြန်သည် )

ဂျပန် ဟု ဆိုလိုက်သည်နှင့် ကမ္ဘာပေါ်ရှိ စီးပွားရေး ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။ ထိုနည်းတူ ဂျပန်တို့၏ အလုပ်လုပ်ပုံဟု ဆိုလိုက်သည်နှင့် အမေရိကန်တို့ ကပင် ချီးကျူးရ လောက်အောင် အလုပ်ကို သူမတူအောင် လုပ်ကိုင်ကြသည့် လူမျိုးအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ဂျပန်တို့သည် အချိန်တိုအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက နျူကလီးယား ဗုံးဒဏ်ကြောင့် ပြာပုံဖြစ်ရသည့် ဘဝမှ ပြန်လည် နာလန်ထူနိုင်ပြီး ကမ္ဘာ့ စီးပွားရေး အင်အား ကြီးမားသည့် နိုင်ငံများတွင် ပါဝင်လာခဲ့သည်။ သို့သော် အချိန် ကြာမြင့်စွာ အလုပ်လုပ် ဆောင်ခြင်းသည် ဂျပန်လူမျိုးများ ကြားတွင် စိတ်ဖိစီးမှု ပြဿနာများ ဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှ ရောက်ရှိ လာပြန်သည်။

အလုပ်ချိန် ကြာမြင့်၍ အလုပ်သမားများ ဖိအားများပြီး သေဆုံးရခြင်း အပေါ် ကျွမ်းကျင် ပညာရှင်များက အဖြေကိုရှာဖွေ တွေ့ရှိခဲ့ ကြသည်။ သို့သော် သေချာသည့် အဖြေကို မည်သူမျှ မပေးနိုင်ဘဲ အလုပ်ချိန် ကြာမြင့်မှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှု ပြဿနာသည် အချိန် အတော်ကြာ အငြင်းပွားစရာ ပြဿနာအဖြစ် ရှိနေသည်။ ယခုအခါ အလုပ်ချိန် ကြာမြင့်သည့် အတွက် ဂျပန်လူမျိုးများ သေဆုံးရသည် ဆိုသည့်အချက်ကို လက်ခံလာကြပြီ ဖြစ်သည်။ စစ်တမ်းများက တစ်လကို နာရီပေါင်း ၁ဝဝ ကျော် အလုပ်လုပ်ရသည့် အလုပ်သမား များသည် သာမန်လူများထက် သေဆုံးမှု အန္တရာယ် နှစ်ဆမြင့်မား သည်ဟု ဖော်ပြထားသည်။ ထိုနည်းတူစွာ ဂျပန်နိုင်ငံ၌ ရှိသည့် ကုမ္ပဏီငါးခုတွင် တစ်ခုမှာ လုပ်သားများ အဖို့ တစ်လလျှင် နာရီပေါင်း ၁ဝဝ ကျော်အထိ အလုပ်လုပ် ရသည့် ကုမ္ပဏီများ ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဂျပန်အမျိုးသား တစ်ဦးသေဆုံးမှု ကြောင့် ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ တရားနိုင် ခဲ့သည်။ ကာရိုရှီ ဟူသော အမျိုးသားသည် အလုပ်ချိန်ပို လုပ်ရသောကြောင့် စိတ်ဖိစီးမှု များကာ ကျန်းမာရေး ချို့ယွင်းလာပြီး သေဆုံးရသည် ဟု ဆရာဝန်များက မှတ်ချက်ပေး သဖြင့် တရားရုံးက သေဆုံးခဲ့မှု အတွက် ကုမ္ပဏီကို ဒဏ်ငွေ ပေးဆောင်စေပြီး ကာရိုရှီ ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဂျပန်အစိုးရ အဖွဲ့သည် အလုပ်ချိန် လျှော့ချရန် နည်းလမ်းများကို ရှာဖွေခဲ့ ကြသည်။ နှစ်လဟူသော အချိန် အတိုင်းအတာတွင် ဂျပန်တို့ Premium Friday ဟုခေါ်သော အစီအစဉ်သစ် ကို ဂျပန်အလုပ်သမား များအတွက် ရှေးရှုကာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်၍ စတင်ပြင်ဆင် ခဲ့သည်။ 

သူ့အစီအစဉ်တွင် ပါဝင်ရန် ဂျပန် ကုမ္ပဏီကြီးများ ကိုလည်း တိုက်တွန်းခဲ့သည်။ ယခုဂျပန်နိုင်ငံ ၏ အဓိက လုပ်ငန်းကြီးများ ဖြစ်သော ကားကုမ္ပဏီများ၊ အစားအသောက် လုပ်ငန်းကြီးများနှင့် ရထား ကုမ္ပဏီကြီး များက အာဘေး၏ အစီအစဉ်တွင် ပူးပေါင်းပါဝင် လာကြပြီ ဖြစ်သည်။ Premium Friday ဆိုသည်မှာ လတစ်လတိုင်း ၏ သောကြာနေ့ ညနေ သုံးနာရီတွင် အလုပ်သမား များကို ပုံမှန်ထက် နှစ်နာရီစောကာ ရုံးဆင်းစေခြင်း ဖြစ်သည်။

ထိုအချိန်တွင် အလုပ်သမားများ ဈေးဝယ်ထွက် စေခြင်း၊ မိသားစုများ၊ သူငယ်ချင်းများနှင့် သွားရောက် တွေ့ဆုံခြင်း၊ အပန်းဖြေ စေခြင်းပြုရန် ဂျပန်အစိုးရက ထောက်ခံပေး ထားသည့် သီးသန့် အစီအစဉ် ဖြစ်သည်။ လာမည့် မတ်လတွင် ဝန်ကြီးချုပ် အာဘေး ၏ Premium Friday အစီအစဉ် စတင် အသက်ဝင်မည် ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင် ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

ထိုသောကြာနေ့ သုံးနာရီမှ နောက်ပိုင်း အချိန်ကို ဘုရားကျောင်းတွင် တရားထိုင်ရင်း စတင်ပါဝင် ဆင်နွှဲမည်ဟု အာဘေးက ကြေညာခဲ့ပြီး မီးရထား ကုမ္ပဏီများ ကလည်း Premium Friday မှာ အလုပ်သမားများ အတွက် သီးသန့်ရည်ရွယ်၍ အစားအသောက် များကို ရထားပေါ်တွင် အလွယ်တကူ ရရှိနိုင်စေရန် ဆောင်ရွက်ပေး ထားဦးမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၌ အလုပ်သမားများ အဖို့ တစ်ပတ်လျှင် အားလပ်ရက် တစ်ရက်ဖြင့်သာ ဘဝ တစ်လျှောက်လုံး ဖြတ်သန်း နေရသည်။ ရုံးဝန်ထမ်းများနှင့် အလုပ်သမား များသည် ထိုအားလပ်ရက် ကို ပျော်ပျော်ရွှင်ရွှင် နှင့်
သောက်စားပြီး ဖြတ်သန်းကြသည်။ နောက်တစ်ရက် တွင်တော့ သူတို့၏ အလုပ် စားပွဲပေါ်သို့ စောစောစီးစီး ပြန်ရောက်အောင် မဖြစ်မနေ အားထုတ်ကြ ရပြန်သည်။ ညကပျော်ပါး သောက်စား ထားသည့်ဒဏ်က အလုပ်ချိန်ကို ကောင်းကောင်းကြီး နှိပ်စက် နေပြီဖြစ်သည်။ ထို့ကြောင့် အဆင်မပြေမှုများ စတင် ဖြစ်ပေါ်လာပြီး အချိန်ပိုဆီကို ခရီးဆက်ရကိန်းက ပိုများနေပြီ ဖြစ်သည်။ ထိုအလုပ် သမားတို့၏ နေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းက ဖိအားများကို ဖြစ်ပေါ် လာစေပြီး တဖြည်းဖြည်းနှင့် လုပ်သင့်သည့် အလုပ်ချိန်ထက် ပိုများလာကာ တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ 

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ လူများသည် တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှု အချိုးကျပုံစံ ကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ အလုပ်ချိန် များနေမှု၊ ဂျပန်လူမျိုးများ သေဆုံးမှုနှင့် ကိုယ်တိုင် သတ်သေမှု မြင့်မား လာခြင်းကြောင့် အာဘေး အစိုးရက ယခု Premium Friday အစီအစဉ်နှင့် အလုပ်သမား တို့၏ နေထိုင်မှု ဘဝပုံစံကို ပြောင်းလဲအောင် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိက ကားကုမ္ပဏီကြီး များနှင့် အစားအသောက် လုပ်ငန်းများ အပြင် ဘဏ်များကပင် အစိုးရ၏ အစီအစဉ်တွင် ပါဝင်မည်ဟု ယခုနောက်ပိုင်း ဆိုလာပြီး အသေးစား လုပ်ငန်းလေး များကတော့ ပါဝင်လာရန် အလားအလာ နည်းနေသေးသည်။ သို့သော် အာဘေး၏ အလုပ်ချိန်လည်း မပျက် အားလပ်ရက်လည်း နှစ်ရက် ဖြစ်စေမည့် Premium Friday အစီအစဉ်သည် ဂျပန်အလုပ်သမား တို့အတွက် သိန်းနှင့်ချီသော ဆုကြီးပေါက် သကဲ့သို့ဖြစ်ပြီး ဂျပန်၌ အလုပ်ကြောင့် လူသေဆုံးမှုနှုန်းကို လျှော့ချရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment