Pages

Tuesday, February 7, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ဂျာလန်းကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့
 ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်


နေပြည်တော် ၊ ၇-၂-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသ များမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ယမန်နေ့တွင် ကော့သောင်းမြို့နယ်၊ ဂျာလန်းကျွန်းရှိ ဒေသခံပြည်သူ ၁၇၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၆၇ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၁ဝ ဦး၊ အရိုးရောဂါ ၂၂ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ခုနစ်ဦး၊ မျက်စိရောဂါ ၁၄ ဦးနှင့် သွားရောဂါ ရှစ်ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ တစ်ဦး၊ သွားရောဂါလူနာ ခုနစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ လေးဦးတို့ကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၁ဝ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁ဝ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment