Pages

Tuesday, February 7, 2017

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ


အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အမှတ်(၁) တပ်ခွဲ စစ်တီးဝိုင်းအသင်း
 ယှဉ်ပြိုင်စဉ်

အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၇-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင် ပွဲ (ခ)အဆင့်ပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအမှတ် (၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေး တပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment