Pages

Tuesday, February 7, 2017

မောင်တောမြို့နယ်အတွင်း ကျပ်သိန်း ရှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ခဲယမ်းများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးများ ၊ ခဲယမ်းများနှင့်အတူ တွေ့ရစဉ်


နေပြည်တော် ၊ ၇-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်း စစ်ဆေးရေးဂိတ် ၌ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ဖေဖော်
ဝါရီ ၅ ရက် ညနေ ၆ နာရီခန့်တွင် အငူမော်မှ မောင်တောမြို့ ဘက်သို့ မောင်တောမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ရွှေဗဟိုရ်ဘုန်း ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ယာဉ်မောင်း ဥူးပညာနန္ဒ လူအမည် မင်းနိုင်(ဘ) ဦးမောင်ရင်ထွန်း မောင်းနှင်၍ ဥူးအာစာရ လူအမည် အေးလွင် (ဘ) ဦးငပြား လိုက်ပါလာသည့် Kluger အမျိုးအစား ယာဉ်အမှတ် 1J/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းမှ ပလတ်စတစ် အနက်ရောင်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၄ဝ ထုပ်( ခန့်မှန်း သုံးသိန်းပြားခန့်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၆ဝဝဝ ခန့်) ကိုတွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေးမေးမြန်း ချက်အရ အဆိုပါ ဘုန်းကြီးကျောင်း အား ဆက်လက်ရှာဖွေရာ ဆာလာအိတ် ၁၉ အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၄ဝ ပြား (စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ရှစ်သောင်းခန့်) နှင့် ကျောင်း၏ ဘေးအဆောင်မှ ဘီအေ- ၉၁ လက်ပစ်ဗုံး တစ်လုံး၊ ဖျူ့စ်တစ်ခု၊ ကျည်မျိုးစုံ ၉၄ တောင့်နှင့် ကျောင်းတွင် နေထိုင်သူ ဦးသိန်းရွှေ (ဘ) ဦးလူပုချေ အား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူများ၊ ယာဉ်၊ မူးယစ်ဆေးဝါး များနှင့် ခဲယမ်းများအား မောင်တောမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ လျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment