Pages

Tuesday, February 7, 2017

ကျွန်းသစ်နှင့် သစ်မာပင်များကို ပြည်သူများလွတ်လပ်စွာ တရားဝင်သုံးစွဲခွင့် ရရှိရေး ဥပဒေများကို ပြင်ဆင်ဆောင်ရွက်သွားမည်




နေပြည်တော် ၊ ၇-၂-၂၀၁၇

ကျွန်းနှင့်သစ်မာသစ် များကို ပြည်သူများ လွတ်လပ်စွာ တရားဝင် သုံးစွဲခွင့်ရရှိရေး အတွက် ဥပဒေများကို ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာ့ကျွန်းသစ် များသည် ကမ္ဘာပေါ်ရှိ အရည်အသွေး အကောင်းဆုံး ကျွန်သစ်များတွင် ပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အလောင်းမင်းတရား လက်ထက် ၁၇၅၁ ခုနှစ်မှစတင်၍ ကျွန်းပင်နှင့် ကျွန်းသစ်များကို တော်ဝင်သစ် (Royal Tree) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီးအဆိုပါ သတ်မှတ်ချက် မှာ လက်ရှိအချိန် ကာလထိ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပြည်သူများ အနေဖြင့် ကျွန်းပင်အောက်တွင် ရှိနေသော်လည်း ကျွန်းသစ်များကို အသုံးပြုရန် အတွက် အကန့်အသတ်များ ရှိနေသည်။ ပြည်သူများ အနေဖြင့် မြန်မာ့ကျွန်းသစ် များကို လွတ်လပ်စွာ အသုံးပြုနိုင်ရေး အတွက်အဆိုပါ ဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်သည်။

အဆိုပါဥပဒေကို ပြင်ဆင် ဆောင်ရွက်ပြီးပါက ပြည်သူများ အနေဖြင့် ကျွန်းသစ်များကို လွတ်လပ်စွာ အသုံးပြုနိုင် ကြမည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူများ အနေဖြင့် ကျွန်းနှင့်သစ်မာ များကို တရားဝင် သုံးစွဲခွင့်ရရှိ စေရန် အတွက် လေလံတင်ရောင်းချ ပေးနေ သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တစ်ဆင့်လွှဲပြောင်း ရောင်းချပေးလျက် ရှိသည်။

ထို့ပြင်ပြည်သူများက ကျွန်းသစ်များကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရရှိလာစေရန် ဥပဒေပြင်ဆင်ရန် အတွက်ကိုလည်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်နားထား ခဲ့ပြီး ပဲခူးရိုးမ ဒေသကို ၁ဝ နှစ်ထိ သစ်ထုတ်လုပ်မှု ရပ်နားထားခဲ့ သော်လည်း လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ် ခြင်းကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တောထွက် ပမာဏ သတ်မှတ်ချက် ဘောင်အတွင်း လျှော့ချထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment