Pages

Tuesday, February 7, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်သက်တမ်းမတိုးသည့် မြေသြဇာဆိုင်များကို ပယ်ဖျက်စာရင်းသွင်းရာတွင် ၁၈၇ ဆိုင်ရှိလာ



မန္တလေး ၊ ၇-၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ လိုင်စင်သက်တမ်း ပြည့်ပြီး သော်လည်း ထပ်မံ၍ သက်တမ်းတိုးခြင်း မရှိသည့် မြေသြဇာ အရောင်းဆိုင် များကို ပယ်ဖျက် စာရင်းသွင်း ရာတွင် ယနေ့ထိ ၁၈၇ ဆိုင်ရှိလာကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေး ဌာနခွဲမှ သိရသည်။

''မြေသြဇာ အရောင်းဆိုင်တွေ အနေနဲ့က ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ရှိရပါမယ်။ အဲဒါကြောင့် စိုက်ပျိုးရေး ဦးစီးဌာန အနေနဲ့ မြေသြဇာ အရောင်းဆိုင် တွေကို ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်တွေ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပေး နေပါတယ်။ ထုတ်ပေးပြီး နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုး ရပါတယ်။ အခု တိုင်းဒေသကြီး အတွင်းမှာ လက်ရှိအချိန်ထိ လိုင်စင်သက်တမ်း ပြည့်သွားပေမယ့် သက်တမ်းမတိုးလို့ ပယ်ဖျက် စာရင်းထဲကို ထည့်ရတာ ဆိုင်ပေါင်း ၁၈၇ ဆိုင်ရှိလာပါပြီ'' ဟု မြေအသုံးချရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြေသြဇာ အရောင်းဆိုင်များ အနေဖြင့် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ပြုလုပ်လို ပါက မြို့နယ်အလိုက် စိုက်ပျိုးရေး ဦးစီးဌာနများ သို့သွားရောက်၍ လိုင်စင်ပြုလုပ် နိုင်ကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ၅ဝဝဝဝ ကုန်ကျပြီး သက်တမ်းမှာ နှစ်နှစ် သက်တမ်း ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် လိုင်စင် ရပြီးသော မြေသြဇာ အရောင်းဆိုင် များကို သက်တမ်းပြည့် သည်နှင့် သက်တမ်းတိုး လုပ်ဆောင်ရန် ၊ သက်တမ်းတိုးချိန် တစ်လမှ သုံးလထိ ကျော်လွန်ပါက ဒဏ်ကြေးငွေေ ပးဆောင်ရပြီး သုံးလကျော်လွန် ပါက ပယ်ဖျက်စာရင်းတွင် ထည့်သွင်းကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြေသြဇာ အရောင်းဆိုင် များကို မှတ်ပုံတင် မရှိသည့် မြေသြဇာများေ ရာင်းချနေခြင်း ရှိ၊မရှိနှင့် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ရှိ၊မရှိ စသည် တို့ကို ပုံမှန် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိရာတွင် ပညာပေးကာလ ကုန်ဆုံးပြီဖြစ်၍ သတ်မှတ် စည်းကမ်းချက်နှင့် လိုက်နာခြင်း မရှိသည့် ဆိုင်များကိုလည်း ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

No comments:

Post a Comment