Pages

Wednesday, February 1, 2017

မြို့ပြင်လမ်းကြောင်းများတွင် ပြေးဆွဲခွင့်ပြုထားသည့် ဒိုင်နာ နှင့် ဘီအမ် ယာဉ်များ ဧပြီ ၁၆ ရက်အထိသာ ပြေးဆွဲခွင့်ရမည်



ရန်ကုန် ၊ ၁-၂-၂၀၁၇

မြို့ပြင်လမ်းကြောင်း များတွင် ပြေးဆွဲလျက်ရှိသော ဒိုင်နာနှင့် ဘီအမ် ခရီးသည်တင်ယာဉ်များမှာ ဧပြီ ၁၆ ရက်အထိသာ ပြေးဆွဲခွင့်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ သိရသည်။

ခရီးသည်များ၏ လိုအပ်ချက်နှင့် ယာဉ်ပိုင်ရှင်များ၏ တင်ပြမှုတို့ကြောင့် ယခု ပြောင်းလဲလိုက်သော ဘတ်စ်ကားစနစ်သစ် တွင် အဆိုပါယာဉ်များကို သုံးလခွင့်ပြုထား သော်လည်း ယင်းနေ့ရက် အထိသာ ပြေးဆွဲ ခွင့်ရမည် ဖြစ်သည်။

''မြို့ပြင်လမ်းကြောင်း တွေနဲ့ ဆက်စပ်ပြီး ပြေးဆွဲဖို့ လျှောက်တဲ့သူ တွေက နည်းတာရယ်၊ အဲဒီဒေသက ခရီးသည်တွေရဲ့ သွားလာမှု လွယ်ကူစေဖို့ရယ် နဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ အချိန် အဆင်သင့် မဖြစ်သေး ချိန်မှာ သုံးလပြေးဆွဲခွင့်ပြု ပေးတာဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်း က ပြောသည်။

ယခု စုပေါင်းပြေးဆွဲ သည့် YBS ယာဉ်လိုင်း စနစ်တွင် မြို့တွင်းနှင့် ဆက်စပ်သည့် ခရီးစဉ် လမ်းကြောင်း ၆ဝ အတွင်း ပြေးဆွဲခွင့် လျှောက်ထားသည့် ယာဉ်လိုင်း အများဆုံးဖြစ်ပြီး မြို့ပြင်ဆက်စပ် လမ်းကြောင်းများ အတွင်း ပြေးဆွဲရန် ယာဉ်အစီးရေ လုံလောက်မှု မရှိသဖြင့် ၁၉၉၅ မော်ဒယ်အောက် ဒိုင်နာနှင့် ဘီအမ် ခရီးသည်တင်ယာဉ် များကို သုံးလကြာ ယာယီပြေးဆွဲခွင့် ပြုခြင်းဖြစ်သည်။

ယခု ယာဉ်စနစ်တွင် သဘာဝဓာတ်ငွေ့ အသုံးပြုသော ခရီးသည်တင် ယာဉ်များ ဖြစ်ကြသည့် ဒိုင်နာ ၁၄၃ စီးနှင့် ဘီအမ် ၂၇၇ စီးတို့ပါဝင် ပြေးဆွဲရန် လျှောက်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment