Pages

Friday, January 13, 2017

TNLA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိ



နေပြည်တော်၊ ၁၃-၁-၂၀၁၇

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့အနီး၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း နေရာသို့ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက မြို့၏ အနောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ မြတ်တောင်ရိုး ဘုရားကုန်းနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နမ့်ဆန်မြို့၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ဟိုချောင်းကျေးရွာ အတွင်းသို့ လက်နက်ကြီး ဗုံးသီး ၄ လုံး ကျရောက်ပေါက်ကွဲ ခဲ့သည်။

အဆိုပါ ကျေးရွာအတွင်းသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့၍ ဗုံးသီးအစများ ထိမှန်ခဲ့မှုကြောင့် အပြစ်မဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ ပေးခဲ့ပြီး လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့သည့် နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တို့အား နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

 

 

 

 


မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment